မနေ့ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်သေဆုံးသူအရေအတွက်ဟာ၁၅၀ကျော်အထိတိုးလာပါပြီ။သေဆုံးသူတွေထဲမှာကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပြင်ကလေးအယောက်သုံးဆယ်လောက်ပါဝင်သွားတယ်။လေယာဉ်နဲ့ဗုံးကြဲတဲ့အပြင်ရဟတ်ယာဉ်နဲ့ပါအသက်ရှင်ကျန်ရစ်သူမရှိအောင်စိတ်ကြိုက်ပစ်ခတ်တိုက်ခိုက်သွားခဲ့တဲ့အတွက်မြေပြင်မှာရှိတဲ့ပြည်သူအားလုံးနီးပါသေဆုံးခဲ့ရတယ်။ရွာထဲကပြည်သူတွေဟာပြေးစရာမြေမရှိဖြစ်သွားခဲ့တယ်။ဒါအပြင်ညနေပိုင်းကူညီကယ်ဆယ်ရေလုပ်ငန်းတွေလုပ်ဆောင်နေချိန်မှာရဟတ်ယာဉ်နဲ့နောက်တကြိမ်လာရောက်ပစ်ခတ်ခဲ့လို့ကယ်ဆယ်ရေးလုပ်ငန်းတွေရပ်ဆိုင်းထားရတယ်။အခုချိန်ထိသေဆုံးသူအရေအတွက်အတိအကျမသိရသေးပဲပြန့်ကျဲနေတဲ့အလောင်းတွေ၊ခြေပြတ်လက်ပြတ်တွေကိုတစ်စစီလိုက်ကောက်နေရတယ်။
နိုင်ငံတကာကတော့ဒီဖြစ်ရပ်အပေါ်မှာပြင်းထန်စွာရှုံချလိုက်တယ်။သတင်းစာတွေမီဒီယာတွေပေါ်မှာခေါင်းကြီးပိုင်းကပါလာတယ်။ဒါပေမယ့်လဲရှုံချယုံအပြင်ထုံးစံအတိုင်းဘာမှဖြစ်လာမှာမဟုတ်ပါဘူး။အမြဲတမ်းခံနေရတာကကိုယ်တွေပြည်သူတွေပဲလေ။