စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပဇီကြီးကျေးရွာကိုစစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကြောင့်ဒေသခံအနည်းဆုံးရှစ်ဆယ်ကျော်သေဆုံးသွားတယ်။ဒီနေ့မနက်ပိုင်းထိုရွာမှာNUGအုပ်ချုပ်ရေးရုံးဖွင့်ပွဲပြုလုပ်နေပြီးအကျွေးအမွေးနဲ့ဧည့်ခံရေးပါပါတာကြောင့်ဒေသခံတွေစုရုံးနေချိန်မှာစစ်တပ်ကလေကြောင်းကနေလာရောက်တိုက်ခိုက်သွားတာပါ။လေယာဉ်နဲ့အရင်ဗုံးကြဲတိုက်ခိုက်ပီးနောက်ရဟတ်ယာဉ်နဲ့ပါဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်သေဆုံးသူအရေအတွက်ဟာဒီထပ်အများကြီးပိုလာနိုင်ပါတယ်။အခုချိန်မှာတော့ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေကြတယ်။
ပဇီကြီးကျေးရွာတည်ရှိတဲ့ဒေသဟာစစ်ကောင်စီအုပ်ချုပ်ရေးအာဏာမရှိတော့ပဲစစ်ကြောင်းတောင်မထိုးနိုင်တဲ့ဒေသဖြစ်နေပြီးတော်လှန်ရေးအဖွဲ့တွေရဲ့လွတ်မြောက်နယ်မြေလိုဖြစ်နေပါပြီ။မြေပြင်ကစစ်ကြောင်းထိုးလို့မရတော့တဲ့အတွက်စစ်ကောင်စီဟာယုတ်မာစွာနဲ့လူစုလူဝေးဖြစ်နေတဲ့နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ချင်းပြည်နယ်မှာစာသင်ကျောင်းလေကြောင်းတိုက်ခိုက်မှုကြောင့်အပစ်မဲ့ပြည်သူကိုးဦးသေဆုံးသွားဖြင့်ဘာမှမကြာသေးဘူး။အခုထိုကဲ့သို့အဖြစ်ဆိုးမျိုးထပ်မံကြုံတွေ့လိုက်ရပြန်ပြီ။