ချင်းပြည်နယ်၊ဖလမ်းမြို့နယ်ကစာသင်ကျောင်းတစ်ခုကိုစစ်တပ်ကဗုံးကြဲတိုက်ခိုက်တာကြောင့်ကျောင်းအုပ်ဆရာကြီးအပါအဝင်ဒေသခံကိုဦးသေဆုံးသွားတယ်။အဲ့ဒီဘက်မှာဘာတိုက်ပွဲမှမရှိပဲအကြောင်းမဲ့လာပစ်သွားတာပါ။ဒါပေမယ့်ဖလမ်းမြို့နယ်ထဲကစစ်ကောင်စီတပ်စခန်းတစ်ခုကိုCANတော်လှန်ရေးအဖွဲ့တွေကမနေ့ကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။စစ်တပ်ဖက်ကအထိနာပြီးစခန်းမီးရှို့ခံလိုက်ရလို့မဆိုင်တဲ့အရပ်သားပစ်မှတ်ဖြစ်တဲ့စာသင်ကျောင်းကိုဗုံးကြဲသွားတာပါ။ဒါတောင်လာရောက်ဗုံးကြဲချိန်မှာကျောင်းပိတ်ထားလို့ဒီလောက်ကျောင်းစောင့်အနေနဲ့ရှိနေတဲ့ပြည်သူတွေသာထိခိုက်သေဆုံးသွားတာဖြစ်ပြီးကျောင်းဖွင့်ထားချိန်မှာဆိုရင်တော့မတွေးရဲစရာပဲ။စစ်သူပုန်တွေဟာသူတို့အထိနာပြီးဆိုရင်အရပ်သားပြည်သူတွေကိုမဲပြီးတိုက်ခိုက်လေ့ရှိတဲ့သူရဲဘောကြောင်တဲ့အပြုအမူတွေကိုဆက်တိုက်လုပ်ဆောင်လျက်ရှိတယ်။