ထိုင်းနိုင်ငံ၊မဲဆောက်မြို့မှာဆေးရုံတက်ကုသနေတဲ့PDFသုံးဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးပြီးစစ်ကောင်စီလက်ထဲအပ်လိုက်တယ်။ဖမ်းဆီးခံရချိန်မှာNUGကပြန်လည်လွတ်မြောက်ရေးကြိုးပမ်းခဲ့ပေမယ်ံလဲထိုင်းအာဏာပိုင်တွေကလက်မခံပဲလွှဲပြောင်းပေးလိုက်တာဖြစ်တယ်။လွှဲပြောင်းပေးနေချိန်ထွက်ပေးဖို့ကြိုးစားရာမှာသေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခြင်းခံရလို့တစ်ဦးသေဆုံးသွားတယ်လို့လဲသိရတယ်။စစ်ကောင်စီလက်ထဲရောက်သွားရင်တော့အစအနပျောက်သွားမှာပဲ။နှိပ်စက်ညှင်းပန်းသတ်ဖြတ်လိုက်မှာပဲ။
ဒီဖြစ်စဉ်မှာထိုင်းအာဏာပိုင်တွေရဲ့လုပ်ရပ်ကြောင့်ထိုင်းနိုင်ငံထဲကိုရွှေ့ပြောင်းခိုလှုံနေသူမြန်မာနိုင်ငံသားတွေအတွက်ခြိမ်းခြောက်မှုတွေဖြစ်လာတယ်။NUGကတော့အလားတူဖြစ်ရပ်မျိုးထပ်မဖြစ်ဖို့ညှိနှိုင်းနေတယ်။ဘာပဲဖြစ်ဖြစ်ထိုင်းနိုင်ငံရဲ့ရပ်တည်မှုဟာစစ်ကောင်စီဖက်တဖြည်းဖြည်းပါလာပြီ။