တနေ့ကဖြစ်ပွားခဲ့တဲ့ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ရွှေကုက္ကို မြို့သစ်အနီးတဝိုက်ရှိ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များပူးပေါင်း အထိုင်ချထားသည့် စခန်း ငါးခုကို တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ BGF ၈၅ ယောက်သေပြီး ၆၀ ကျော်လောက်တော့ထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်။ စခန်းတစ်ခုဆိုရင် လက်နက်တွေ ထားပြီး ထွက်ပြေးသွားတယ်။တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ပူးပေါင်းစခန်းများကိုမီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ် နှင့် BGF ပူးပေါင်းတပ်များထံက လက်နက်မျိုးစုံ ၇၅ လက်ကိုပါသိမ်းဆည်းနိုင်ခဲ့တယ်။
ရွှေကုက္ကိုမြို့သစ်မှာ တရုတ်နိုင်ငံသားပိုင် ကာစီနို လောင်းကစားရုံများနှင့် BGF ခေါင်းဆောင်အချို့၏ ကာစီနို လောင်းကစားရုံများ အများအပြားရှိနေပြီးထိုကာစီနိုရုံများမှ အလုပ်သမားများကို လက်နက်များထုတ်ပေး၍ တိုက်ပွဲများမှာအသုံးချနေတယ်တဲ့။တိုက်ပွဲတွေဟာဒီနေ့အထိဆက်လက်ဖြစ်ပွားနေပြီးစစ်ရှောင်ဦးရေ၈၀၀၀အထိရှိလာပါပြီ။
ရန်ကုန်မှာလဲမနေ့ညကမင်္ဂလာဒုံလေတပ်ကိုတော်လှန်ရေးအဖွဲ့တွေကရှော့တိုက်ဒုံးငါးလုံးနဲ့တိုက်ခိုက်ခဲ့တယ်။နှစ်လုံးဟာလေယာဉ်ပြေးလမ်းနားကျရောက်ပေါက်ကွဲခဲ့ပီးတချို့ကတော့လေတပ်ထဲကျရောက်ပေါက်ကွဲခဲ့တယ်။အထိအခိုက်ကတော့မသိရသေးဘူး။မင်္ဂလာဒုံလေတပ်ဟာဟိုတလောကလဲရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရသေးတယ်။ရှော့တိုက်ဒုံးဖြစ်တဲ့အတွက်ထိရောက်မှုတော့နည်းတယ်။ဒီထပ်ပိုပြီးတိကျတဲ့နည်းပညာမျိုးနဲ့တိုက်ခိုက်နိုင်ရင်တော့ပိုကောင်းမယ်။