Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ထန်တလန်မြို့နယ်တွင် လေကြောင်းမှတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများထဲမှ ၁ ဦး ထပ်မံသေဆုံး

April 15, 2023
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက် ခိုက်ခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့သူများအနက်မှ တစ်ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူကိုးဦးအထိ ရှိလာ ပြီဖြစ်ကြောင်း သိရသည်။

လေကြောင်းမှ တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရရှိသူများထဲမှ Salai Van Cem (၁၇ နှစ်)သည် ဧပြီလ ၁ ရက် နေ့တွင် ထပ်မံသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက အတည်ပြုပြောကြား သည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ကိုးဦးရှိလာသည့်အပြင် ဒဏ်ရာရရှိသူ ၁၀ ဦး ရှိကြောင်း သိရ သည်။သေဆုံးသူများမှာ Pu Hmet Lian (၂၀ နှစ်) ၊  Pi Par Thluai Cin (၁၈ နှစ်)၊ Pi Sung Hlei Cuai (၃၀ နှစ်)၊ Nu Ngun Dawt (၂၈ နှစ်)၊ Pi Len Zi (၄၀ နှစ်)၊ Mai Sofia (၁၆ နှစ်) ၊  Van Duh (၆ နှစ်)၊ Siang Cung Bik (၉ နှစ်) နှင့်  Salai Van Cem (၁၇ နှစ်)တို့ဖြစ်ကြောင်း ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ Public Administration Thantlang (PAT)မှထုတ်ပြန်ထားသည်။၎င်းအပြင် ဒဏ်ရာရရှိသူများမှာ Peng Cung Thang (၈ နှစ်)၊ Benjamin (၁ နှစ်)၊  Pi Ngun Hoi (၄၀ နှစ်)၊  Pi Biak Tial (၅၀နှစ်)၊  Pi Iang Par (၆၁ နှစ်)၊ Bawi Dawt (၆ နှစ်)၊ Sai Thluai (၁၁နှစ်)၊  Salai Bawi Lian Tlung (၁၈နှစ်) ၊  Pu Ngun Bik (၄၀နှစ်)နှင့် Pastor Sang Cung တို့ဖြစ်ကြောင်း သိရသည်။မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က ခွါဖိုကျေးရွာကို လေကြောင်း မှတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးခဲ့မှုများအပြင် နေအိမ် ၁၃ လုံးလည်းပျက်စီးခဲ့ကြောင်း PAT က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့၏ အပြစ်မဲ့ပြည်သူများအပေါ်  လူမဆန်စွာ အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်သည့် စက် ဆုပ်ဖွယ်လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖောက်ခြင်းဖြစ်ပြီး ရည်ရွယ် ချက်ရှိရှိဖြင့် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဖြစ်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုး သားတပ်မတော် (CNA) က မတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာမိသားစုမှ ဝိုင်းဝန်းအရေးယူ အပြစ်ပေးမှုများ ပြုလုပ်ကြပါရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

Source – Mizzima

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English