မနေ့ကမနက်ပိုင်းရွှေကုက္ကိုမြို့ဖက်မှာတိုက်ပွဲတွေဖြစ်နေသလိုနေ့ခင်းပိုင်းမှာမြဝတီမြို့အနီးမှာပဲတော်လှန်ရေးအဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေဒီနေ့အထိဆက်လက်တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်။ပြီးခဲ့တဲ့သုံးရက်ကလည်းမြဝတီကိုပြန်လာတဲ့စစ်တပ်အင်အားလေးဆယ်လောက်ပါတဲ့စစ်ကားကိုကော်ဘရာစစ်ကြောင်းကတိုက်ခိုက်ခဲ့တဲ့အပြင်ဝေါလေဗျူဟာကုန်းကိုဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ဗျူဟာကုန်းမှာရှိတဲ့ဟောင်ဝစ်ဇာအမြောက်ထိခိုက်ပျက်စီးသွားတယ်။ထိုအမြောက်ဟာအနီးအနားကျေးရွာတွေကိုရမ်းသမ်းပစ်ခတ်ပြီးဒုက္ခပေးနေတဲ့အမြှောက်တစ်ခုပါ။အခုတော့ပျက်စီးသွားပါပြီ။
ထိုင်းမြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်ကကော့ကရိတ်မြို့ကစပြီးမြဝတီအထိမတ်လ၂၅ရက်နေ့ကစပြီးတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေလို့အာရှလမ်းမကြီးကိုပိတ်လိုက်ရပြန်ပြီ။မကြာမှီသင်္ကြန်ရောက်တော့မယ့်အချိန်မှာထိုင်းမြန်မာကုန်သွယ်ရေးရပ်ဆိုင်းသွားတဲ့အတွက်ပြည်တွင်းမှာသင်္ကြန်ကာလကုန်ဈေးနှုန်းတွေတက်လာနိုင်တယ်လို့ပြောဆိုနေကြတယ်။