စစ်ကောင်စီကသူတို့ပြဌာန်းထားတဲ့ရွှေးကောက်ပွဲဥပဒေကိုအကြောင်းပြပြီးNLDပါတီကိုဖျက်သိမ်းတယ်လို့ကြေငြာလိုက်တယ်။ထိုဥပဒေမှာရွှေးကောက်ပွဲကိုဝင်မပြိုင်ရင်ပါတီအဖြစ်မှာအလိုလိုပျက်ပျယ်တယ်လို့ပြောထားတယ်။စစ်ကောင်စီရဲ့အတုအယောင်ရွှေးကောက်ပွဲမှာပြည်သူဖက်မှာရှိတဲ့အထင်ကရပါတီကြီးတွေတစ်ခုမှဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘူး။NLDနည်းတူတတိယအကြီးဆုံးပါတီကြီးတစ်ခုဖြစ်တဲ့ရှမ်းပြည်နယ်ကSNLDပါတီကလဲဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘူး။စစ်ကောင်စီရဲ့အဆွယ်အပွားနောက်လိုက်ကြိုးဆွဲပါတီတွေသာပြန်လည်မှတ်ပုံတင်ကြတာဖြစ်တယ်။သူတို့တွေပါတီမှတ်ပုံတင်နေကြပေမယ့်ထိုအတုအယောင်ရွှေးကောက်ပွဲကျင်းပမယ့်ရက်အတိအကျကိုတောင်မှစစ်ကောင်စီကအခုထိကြေငြာနိုင်ခြင်းမရှိဘူး။ဒါဟာလိမ်ဆင်ကြီးတစ်ခုပဲဆိုတာအသိသာကြီးပဲလေ။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။