ကမ္ဘာ့ဘဏ်ကခန့်မှန်းတယ်တဲ့။ ၂၀၂၃-၂၄ ဘဏ္ဌာနှစ်မှာ မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဆိုးဆိုးရွား ရွားဆုတ်ယုတ်နိုင်ဖယ်ရှိတယ်လို့ဆိုတယ်။ အာဏာသိမ်းပြီးကတည်းက ကောင်းတာဘာရှိလို့ လဲ။ အခု ဆိုရင် တစ်နိုင်ငံလုံးမှာ မီးပျက်တာလည်းမြင်မကောင်းဘူး။ လူတွေက မီးလာချိန်ကိုမှန်းဆပြီးအလုပ် လုပ်နေကြရတယ်။ စားဝတ်နေရေးအတွက်ကရုန်းရကန်ရ၊ စစ်တပ်ကနှိပ်စက်တာလည်းတစ်ဖက်ကနေ လူးလှိမ့်ပြီးခံနေရသေးတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးတင်မဟုတ်ပါဘူး၊ အခြားကိစ္စတိုင်းမှာလည်းဆိုး ဆိုးရွားရွားရင်ဆိုင်နေရတယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...