နိုင်ငံရေးပါတီတွေ နောက်ဆုံးမှတ်ပုံလာတင်ရမယ့်ရက်ကို မတ်လ ၂၈ ရက်လို့ စစ်ကောင်စီက သတ်မှတ်ထားပြီး သတ်မှတ်ရက်ပြည့်ဖို့ နှစ်ပတ်ကျော်ပဲ လိုတော့ချိန်မှာ ဒီကနေ့အထိ ၂၆ ပါတီထက်မနည်း မှတ်ပုံလာတင်ထားတယ်လို့ သတင်းတွေကဖော်ပြတယ်။ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူက ရာနှုန်းပြည့်အသိအမှတ်မပြုဘူး။ ဒါပေမဲ့ စစ်ကောင်စီကတော့ ဘယ်လိုတွေ ကလိမ်ကကျစ်ကျဦးမလဲမပြောတတ်ဘူး။ တော်တော်ကြီးကို စိတ်ပျက်စရာကောင်းတယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...