တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမှာ လမ်းရှင်းနေတဲ့ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့ မနက် ၁၀ နာရီလောက်က ဗုံးနဲ့ ပစ် တိုက်ခိုက်ခံရတာကြောင် ယာဥ်ထိန်းရဲမေ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သ တင်းတွေမှာဖတ်ရပါတယ်။ ရန်ကုန်မြို့ဟာ လူတွေစည်ကား၊ ပွဲတော်တွေနဲ့အမြဲပြည့်နှက်နေတာကြောင့် ကွက်ပြီး လွတ်လပ်ရေးရနေသလားလို့တောင် တစ်ခါတစ်လေမှတ်ရပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးတွေရှိလာ တော့ သွေးမအေးသေးမှန်းသိလာရတယ်။ ငြိမ်နေတာမကောင်းဘူး။ အမြဲတမ်းတစ်နေရာမဟုတ်တစ်နေ ရာမှာ လှုပ်ရှားနေမှရမယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


