စစ်ကောင်စီက ကြေးတပ်နဲ့မတိုက်ခိုက်နိုင်တော့ လေကြောင်းနဲ့ တိုက်ခိုက်မှုတွေဆက်တက်လုပ်နေ တာကိုတွေ့ရတယ်။ အထူးသဖြင့် ချင်းပြည်နယ်တစ်ဝိုက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်သား တွေကိုပေါ့။ စစ်ကောင်စီဖက်ကအထိနာတာရှိသလို ကိုယ်တွေဖက်ကအထိနာတာတွေလည်းများတယ်။ စစ်တပ်ဟာ နိုင်ငံကိုပတ်ပြီး ကျေးရွာတွေ နေအိမ်တွေကို မီးရှို့၊ အရပ်သားတွေကို သတ်ဖြတ်၊ အမျိုးသမီးတွေ ကို အဓမ္မပြုကျင့်တာတွေ ပေါ်ပေါ်ထင်ထင်လုပ်နေပြီ။ အရပ်သား၊ ကျေးရွာတွေကို ဗုံးကြဲ တိုက်ခိုက်တာကိုလည်း ပေါ်ပေါ်ထင်ထင်ပဲလုပ်နေပြီ။ စစ်တပ်ကို မြန်မာပြည်သူပြည်သားတွေအနေနဲ့ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူး။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...