သင်္ကြန်မဏ္ဌပ်တွေကို စစ်ကောင်စီကဆောက်လုပ်နေတာ ရန်ကုန်မှာဆို တစ်ချို့နေရာတွေ အတော်လေး ပြီးစီးနေပြီ။ သူတို့ကျင်းပမယ့် သင်္ကြန်မှာ ဘယ်အနုပညာရှင်တွေက ဘယ်လောက်ဘောမမလဲကြည့်ရ မယ်။ ဒီရက်ပိုင်းက အဆိုတော်အိမ့်ချစ်ရဲ့ Comment တစ်ခု ဖေ့စ်ဘုတ်ပေါ်မှာရေပန်းစားနေတယ်။ ရှိုးပွဲ တွေ လိုက်ဆိုတာနဲ့ပတ်သက်ပြီး ပြည်သူတစ်ဦးကထောက်ပြတာကိုပြန်ပြောထားတဲ့ Comment ပါ။ အနု ပညာရှင်တွေဟာ ပြည်သူရဲ့ စံပြပုဂ္ဂိုလ်တွေပါ။ ဒါပေမဲ့ ဒီအရေးမှာတော့ အတော်လေး စိတ်ဓါတ်ညံ့ဖျင်း တဲ့ စစ်ကောင်စီဘက်လိုက်အနုပညာရှင်တွေကိုတွေ့နေရတယ်။ အကယ်ဒမီပေးပွဲကိုလည်းကျင်းပဦးမယ် တဲ့။ တစ်ချို့သောအနုပညာရှင်တွေကလည်း လှိုက်လှိုက်လှဲလှဲပါဝင်ဦးမယ်ဆိုပဲ။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


