ရန်ကုန်မှာရှိတဲ့ Primark စက်ရုံ နှစ်ရုံကို ပိတ်လိုက်ရပြီ။ အလုပ်သမား ၂၄၀၀ ကျော်အလုပ်လက်မဲ့ဖြစ် သွားခဲ့ပြီ။ ကျန်တဲ့ပြည်တွင်းအလုပ်အကိုင်ကလည်း ရှားတယ်။ ရှိတဲ့အလုပ်တွေကလည်း လုပ်ခလစာကို အတော်လေးနှိမ်ကြတယ်။ လစာ နှစ်သိန်း၊ သုံးသိန်းဆိုတာ ဘယ်နေရာမှာသုံးလို့ရမှာလဲ။ ကုန်ဈေးနှုန်း တွေလည်း အဆမတန်မြင့်တက်နေတော့ လူတွေက ဖြူကာပြာကာကျနေကြပြီ။ နိုင်ငံခြားထွက်ဖို့စီစဉ် တော့လည်း ပတ်စ်ပို့စ်လုပ်တာအဆင်မပြေ။ ပွဲစားတွေက ငွေညှစ်၊ လာဘ်စားမှုတွေဖြစ်နဲ့ မအလရဲ့ စီမံ ခန့်ခွဲမှုအောက်မှာ ပြည်သူတွေဟာ အလူးအလှိမ့်ခံနေကြရတယ်။
ဇွန် ၀၂၊ ၂၀၂၅။ (တနင်္လာ)
ရန်ကုန်လူဦးရေရဲ့ တဝက်နီးပါးလောက်ဆင်းရဲနေတယ်ဆိုပေမယ့် အထိနာဆုံးကတော့အခြေခံလူတန်းစားတွေပါပဲ။ လုပ်ခလစာနည်းပါးမှုနဲ့ ဆက်တိုက်မြင့်တက်လာနေသော...