စစ်ကောင်စီက ကျင်းပမယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီပွဲအတွက်ပြင်ဆင်နေကြတာတွေ့ရတယ်။ တော် တော်လေးစိတ်ပျက်မိတယ်။ ပြည်သူနဲ့တသားတည်းပါဆိုတဲ့အနုပညာရှင်တွေက စစ်ကောင်ဆီဖက်ကို ပါ ပါသွားကြတာတွေ့ရတယ်။ ဒါရိုက်တာညိုမင်းလွင်ဆိုရင်လည်း သူ့ရဲ့ရုပ်ရှင်ကားဝက်ဝက်ကွဲအောင်မြင် ကြောင်း၊ လူပြည့်ရုံလျှံလာအားပေးကြောင်း ဖေ့စ်ဘုတ်မှာတင်ထားတာတွေ့လိုက်ရတော့ အတော်လေး တရားရမိတယ်။ ပိုက်ဆံနောက်ကို လိုက်သွားကြတဲ့ သာကူး အနုပညာရှင်တွေ တော်တော်လေးရွံစရာ ကောင်းလှတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


