စစ်တပ်ဟာတနိုင်ငံလုံးစစ်မျက်နှာပေါင်းများစွာရင်ဆိုင်နေရချိန်မှာကယားပြည်နယ်နဲ့ချင်းပြည်နယ်ကိုကြီးမားတဲ့စစ်ဆင်ရေးတွေလုပ်နိုင်တဲ့အကြောင်းရင်းတွေတော့ရှိလိမ့်မယ်။အကြမ်းဖက်စစ်တပ်ဟာနယ်မြေတစ်ခုကိုအင်အားထောင်ချီသုံးပြီးစစ်ဆင်ရေးတွေမလုပ်နိုင်တာအတော်ကြာခဲ့ပြီ။သူတို့ဟာစစ်မျက်နှာတိုင်းလိုလိုမှာခံစစ်ပုံစံသာရင်ဆိုင်နေခဲ့တာပါ။
ဒါပေမယ့်ဒီနှစ်ဆန်းပိုင်းမှာတရုတ်ကိုယ်စားလှယ်အသစ်မြန်မာပြည်ကိုရောက်လာတယ်။စစ်ကောင်စီနဲ့တွေ့တဲ့အပြင်တရုတ်ဩဇာခံမြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လဲလွန်းပြန်ထိုးပြီးတွေ့ဆုံခဲ့တယ်။ထိုတွေ့ဆုံမှုတွေကနေစစ်ကောင်စီနဲ့မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာသဘောတူညီချက်တစ်ချို့ရခဲ့တယ်။အဲ့ဒါကတွေထဲကတစ်ခုကတရုတ်နယ်စပ်မှာတိုက်ပွဲတွေမဖော်ဆောင်ရဘူးဆိုတာပဲ။တရုတ်နယ်စပ်မှာအလွတ်သဘောငြိမ်းချမ်းရေးယူလိုက်သလိုဖြစ်တဲ့အတွက်အင်အားလိုအပ်နေတဲ့စစ်တပ်အတွက်အသက်ရှုပေါက်ရသွားတယ်။နယ်စပ်ကတပ်တချို့ကိုထုတ်နုတ်ပြီးစစ်တပ်ကိုအကြီးအကျယ်ခြိမ်းခြောက်နေတဲ့နယ်မြေတွေကိုစစ်ဆင်ရေးကြီးတွေပြန်လုပ်ဖို့ပြင်ဆင်တော့တာပဲ။အခုဆိုရင်ချင်းပြည်နယ်နဲ့ကယားပြည်နယ်ဖက်ကိုအင်အားအလုံးအရင်းနဲ့နယ်မြေရှင်းလင်းဖို့လုပ်နေပြီ။တခြားဘယ်ဒေသတွေပါလာဦးမလဲဆိုတာတော့မသိသေးဘူး။ဘာပဲဖြစ်ဖြစ်ဒေသခံလက်နက်ကိုင်အဖွဲ့တွေကလဲငြိမ်နေမှာမဟုတ်တဲ့အတွက်ဒီနှစ်နွေရာသီမှာတိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တယ်။