စစ်အာဏာသိမ်းမှုကြောင့်နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံလူဦးရေသုံးပုံတစ်ပုံနီးပါးဟာအကူအညီတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂကပြောလိုက်တယ်။တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်တွေဟာတောထဲတောင်ထဲတွေမှာနေထိုင်ကြရကာအာဏာသိမ်းပြီနောက်စစ်ဘေးရှောင်အရေအတွက်ဟာ၁သန်းခွဲနီးပါအထိရှိလာပါပြီ။ဒီအရေအတွက်မှာအာဏာမသိမ်းခင်ကတည်းကရှိနေခဲ့တဲ့စစ်ဘေးရှောင်တွေမပါသေးဘူး။ထိုစစ်ဘေးရှောင်တွေဟာအကူအညီလုံးဝမရရှိပဲဖြစ်သလိုနေထိုင်နေရတယ်။ကုလသမဂ္ဂကအကူအညီတွေဟာစစ်ကောင်စီကတဆင့်သွားနေရတာဖြစ်တဲ့အတွက်တကယ်လိုအပ်တဲ့နေရာတွေကိုမရောက်ပဲထိုအဖွဲ့အစည်းတွေနဲ့စစ်ကောင်စီရဲ့အိတ်ထဲကိုသာရောက်သွားတယ်။ကုလသမဂ္ဂဆိုတာစစ်ဘေးရှောင်အကူအညီတွေအတွက်တောင်သုံးစားမရပါဘူး။ပြည်သူတွေဟာအချင်းချင်းဖေးမကူညီမှုတွေနဲ့ဆက်လက်ရှင်သန်နေကြရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


