ထန်ထလန်မှာလည်း စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့သိရတယ်။ စစ်တပ် ဟာ မရရတဲ့နည်းနဲ့ သူတို့အာဏာကိုတစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ဖို့ကြိုးပမ်းနေတယ်။ ထုံးစံအတိုင်း မြေပြင်မှာ တိုက်လိုမနိုင်ရင် လေကြောင်းနဲ့ဗုံးကြဲတယ်။ အဲဒီတော့ အရပ်သားတွေပါသေဆုံးကြရတယ်။ ပြည်သူတွေ ရဲ့အသက်ဟာ စစ်တပ်အာဏာအတွက် နေ့စဉ်နဲ့အမျှပေးဆပ်နေကြရတယ်။ ထန်တလန်မှမဟုတ်ပါဘူး။ စစ်ကိုင်းရော ကယားရော အကုန်လုံးမှာ ပြည်သူတွေအထိနာနေကြရတယ်။ ပြည်သူတစ်ရပ်လုံးကလည်း စစ်တပ်ကို သေလောက်အောင်မုန်းတီးတဲ့အဆင့်အထိရောက်နေကြပြီ။
ဧပြီ ၁၆၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
မြန်မာနှစ်သစ်ကူးသင်္ကြန်ချိန်ခါကတော့ ဒီနေ့မှာပြီးဆုံးသွားခဲ့ပါပြီ။ဒီနှစ်သင်္ကြန်ကတော့ အတီးအမှုတ်အကအခုန်တွေမရှိတဲ့အတွက် မြို့ကြီးတွေမှာတောင် ခြောက်ကပ်ကပ်ပါပဲ။သင်္ကြန်မြို့တော်လို့...