မန္တလေးမြို့ပေါ်မှာရှိတဲ့ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးကို လူတစ်ယောက်က ဗုံးပစ်တိုက်ခိုက် ခဲ့တဲ့သတင်းကိုဖတ်လိုက်ရတယ်။ ဒီကာလမှာ အစိုးရရုံးတွေဟာလည်း ဇောင်းထလွန်းအားကြီးနေတယ်။ အစိုးရဝန်ထမ်းလို့သူတို့ကိုယ်သူတို့သတ်မှတ်ထားတဲ့ စစ်ကောင်စီဝန်ထမ်းတွေဟာ ဘယ်နေရာကနေ လာဘ်စားရင်ကောင်းမလဲဆိုတာကိုပဲ အမြဲတွေးနေတယ်။ ပိုက်ဆံရမယ့်ကိစ္စကိုပဲလိုက်ရှာနေတယ်။ ဒီလို ဗုံးခွဲတိုက်ခိုက်မှုတွေ များများလုပ်ပေးရမှာလို့မြင်မိတယ်။ ရန်ကုန်မှာဆိုရင်လည်းပိုဆိုးတယ်။ ရန်ကုန်မှာ ရှိတဲ့ အစိုးရရုံးတွေကိုသွားကြည့်လိုက်ရင် လာဘ်စားဖို့ကြံနေတဲ့ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် တွေ့ရပါလိမ့်မယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


