စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်ထူးကြီးရွာကိုမနေ့ကစစ်သူပုန်တွေမီးဝင်ရှို့ခဲ့တယ်။နေအိမ်၆၀၀လောက်ရှိတဲ့ထူးကြီးရွာဟာယက်ကန်းလုပ်ငန်းနဲ့အသက်မွေးတဲ့ရွာဖြစ်ပြီးနေအိမ်ပေါင်းလေးရာကျော်မီးရှို့ခံလိုက်ရသလိုစက်ရက်ကန်း၊လက်ရက်ကန်းစင်၂၀၀ကျော်ဟာလဲစစ်သူပုန်တွေမီးရှို့တဲ့အထဲပါသွားခဲ့တယ်။စစ်သူပုန်တွေဟာPDFတွေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရှို့သွားတာပဲ။မဟုတ်လဲထိုနယ်တွေမှာရွာစဉ်လှည့်ပြီးစစ်တပ်ကမီးရှို့နေကြပဲ။PDFကိုယှဉ်ပြီးတိုက်ဖို့မလွယ်တော့သူတို့နိုင်တဲ့ပြည်သူလောက်ကိုပဲမဲပြီးမီးရှို့သွားတာပါ။အဆိုပါရွာကရက်ကန်းစင်တွေမီးရှို့ခံလိုက်ရတာအတော်အထိနာတယ်။စက်ယက်ကန်းကသံပုံပဲကျန်တယ်။သစ်သားအိမ်တွေကပြာပုံပဲကျန်တယ်။စစ်သူပုန်တွေဟာထူးကြီးရွာတင်မကပဲအနီးအနားကကျေးရွာတွေကနေအိမ်တွေကိုပါမီးရှို့ခဲ့တယ်။အခုချိန်မှာစက်ရက်ကန်းတစ်စင်ကို၂၅သိန်းနဲ့လက်ရက်ကန်းတစ်စင်ကို၆သိန်းကျော်တန်ဖိုးရှိပါတယ်။အခုတော့ဒေသခံတွေဟာရှောင်ပြေးနေရပြီးပြန်လည်ထူထောင်ဖို့ခက်ခဲနေပါပြီ။ရက်ကန်းလုပ်ငန်းကိုပြန်လည်ထူထောင်ဖို့မပြောနဲ့၊အိမ်တောင်မှမနည်းပြန်ဆောက်ပြီးနေရမှာဖြစ်နေတော့ဒီအမွေအနှစ်လုပ်ငန်းကိုစွန့်ခွာပြီးတခြားမှာအလုပ်ထွက်လုပ်ရတဲ့သူတွေရှိလာလိမ့်မယ်။ဒီရက်ကန်းစင်တွေကိုပြန်ပြင်နိုင်တယ်ဆိုရင်တောင်မှစစ်တပ်ကနောက်တကြိမ်လာပြီးမီးမရှို့ဘူးလို့မပြောနိုင်ဘူးလေ။
ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက်...