ရန်ကုန်ကယုဇနဥယျာဉ်မြို့တော်မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတွေလက််နက်ရရှိဖို့ဆွေးနွေးနေချိန်မြို့ပြပျောက်ကျားအဖွဲ့တွေဝင်ပစ်လို့အုပ်ချုပ်ရေးမှုးနှစ်ဦးသေဆုံးသွားတယ်။သန်လျင်မှာလဲလက်နက်ကိုင်ပြီးသောင်းကျန်းနေတဲ့စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုးတစ်ယောက်အပစ်ခံလိုက်ရသေးတယ်။လက်နက်ကိုင်ဆောင်ခွင့်ဥပဒေရဲ့အကျိုးသက်ရောက်မှုတွေစတင်တွေ့လာရပြီ။စစ်ကောင်စီဟာအုပ်ချုပ်ရေးမှုးတွေကိုလိုင်စင်တင်စရာမလိုပဲလက်နက်တွေစတင်ထုတ်ပေးနေတယ်။သူတို့ခန့်ထားတဲ့အုပ်ချုပ်ရေးမှုးဆိုတာတွေကပညာမတက်တဲ့လူရမ်းကားတွေပဲ။ထိုသူတွေလက်ထဲလက်နက်ရောက်လာရင်နောက်ပိုင်းမှာပြည်သူကိုပိုပြီးရမ်းကားတဲ့သတင်းတွေတွေ့ရလိမ့်မယ်။အခုလောလောဆယ်တော့လက်နက်မရခင်အသက်ပျောက်သွားကြပြီ။ရန်ကုန်လိုနေရာမျိုးမှာအခုလိုမျိုးရှင်းလင်းနိုင်ရင်နယ်တွေမှာတော့ပြောဖွယ်မရှိဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


