ဇန်နဝါရီလနောက်ဆုံးပတ်လောက်ကစပြီးဈေးကွက်ထဲမှာဆန်ဈေးတွေတက်လာပြီးအခုလမှာတော့ဆန်တအိတ်ကိုကျပ်တစ်သောင်းကနေနှစ်သောင်းအထိတက်လာတယ်။အခုလိုဈေးတက်လာတာဆန်ကိုလှောင်ပြီးဈေးကစားသူတွေကြောင့်ဖြစ်တယ်လို့သိရတယ်။စစ်ကိုင်းတိုင်းရွှေဘိုဘက်ကထွက်တဲ့နာမည်ကြီးရွှေဘိုပေါ်ဆန်းဆန်ကိုကုန်သည်တွေဝယ်လှောင်ပြီးဈေးကစားကြတာပဲ။ထိုနယ်မှာတိုက်ပွဲတွေဖြစ်နေလို့တောင်သူတွေကလက်ထဲမထားပဲစပါးတွေအကုန်ရောင်းကြတာကြောင့်ကုန်သည်တွေကဈေးကစားဖို့လွယ်သွားတာပေါ့။ဈေးကွက်ထဲဒီလိုဈေးကစားသူတွေကြောင့်ဆန်ဈေးတက်လာလေလေစိုးရိမ်စိတ်နဲ့အလွန်အကျွံဝယ်ယူလာလေလေဖြစ်ပြီးဈေးတွေထပ်တက်ကုန်တယ်။
မြန်မာပြည်ရဲ့အခြေခံစားကုန်ဖြစ်တဲ့ဆန်ဈေးတက်လာတာဟာပြည်သူတစ်ရပ်လုံးအတွက်ကြီးမားတဲ့အခက်အခဲတွေဖြစ်ပေါ်လာနိုင်တယ်။အထူးသဖြင့်ဒီကာလမှာဝင်ငွေတိုးမလာတဲ့အခြေခံလူတန်းစားတွေအတွက်ပေါ့။တကယ်တမ်းတော့အာဏာသိမ်းပြီးနောက်ဈေးမတက်တဲ့ပစ္စည်းဆိုတာမရှိသလောက်ပါပဲ။