မနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ အထူးအကြံပေးပုဂ္ဂိုလ်ပြောခဲ့သလို အမှန်တကယ်၂၀၂၄ မှာ အောင်ပွဲရဖို့ အတွက်ဆိုရင် နည်း ၂ သွယ်ပဲရှိပါတယ်။
ပထမ နည်းက တရုတ်နဲ့ အမေရိကန်ညှိလိုက်ကြပြီး ဘုံသဘောတူညီချက်အရ စစ်အုပ်စုကို ဖယ်ထုတ်ဖို့ သဘောတူလိုက်ကြတာ။ ဒုတိယနည်းက အမေရိကန်က မြန်မာ့တော်လှန်ရေးအင်အားစုတွေကို Non-Lethal ခေါင်းစဉ်အောက်ကနေ စစ်ရေးရဲ့ အသက် ဘဏ္ဍာရေးကို ပံ့ပိုးပေးလိုက်တာ။ ဒီ နည်း ၂ ခုပဲအဓိက ရှိမယ်။
ဒဲရက်ချိုလေးရဲ့ စကား၊ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ NUG ရုံးခန်းဖွင့်ပွဲ တွေအရ အမေရိကန်ဟာ NUG ကို မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ်အဖြစ် လက်ခံထားပြီဆိုတဲ့ သဘောကို မြင်ရတယ်။ ဒီအချက်က အာဆီယံ-NUG ဆက်ဆံရေးမှာလဲ NUG အတွက် အခြေအနေကောင်းတွေ ဖြစ်လာစေမယ်လို့ ဆိုလို့ရပါတယ်။