Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ကောလင်းမှာ ၇ တန်းကျောင်းသားအပါအဝင် ၁၃ ဦး မီးရှို့အသတ်ခံရ

March 15, 2023
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းရွာမှာ ၇ တန်းကျောင်သားအပါအဝင် ၁၄ ဦး ဖမ်းဆီးခံရပြီးနောက် ၁၃ ဦးမှာ မီးရှို့သတ်ခံခဲ့ရကာ ၁ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက တဆင့်သိရပါတယ်။

‌ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာကထွက်လာတဲ့ တပ်မ ၃၃နဲ့ တပ်မ ၉၉ စစ်ကြောင်းကနေ ဇီးကနားရွာသား ၂ ဦးနဲ့ လျှော်ဖြူကုန်းရွာက မိသားစု ၂ စုကို ဖမ်းဆီးသွားတာဖြစ်သလို သူတို့ဟာ  ၂ ရက်ခွဲပြီး အသတ်ခံခဲ့ရတာလို့ သိရပါတယ်။

“အဖမ်းခံရတာက ၁၄ ယောက်ကို အလောင်းပြန်တွေ့တာက ၁၃ ယောက်။ အကုန်အသတ်ခံလိုက်ရပြီလို့ ရွာခံက သတင်းပို့လာတာပါ။  ၂ ရက်ခွဲသတ်တယ်ပဲ ပြောပါတယ်ဗျ။ ကာယကံရှင်မိသားစုတွေက လက်မခံနိုင်သေးဘူး။ အထူးသဖြင့် မောင်ဝင်းသူ ၁၄ နှစ် ၇ တန်းကျောင်းသားရဲ့အမေပေါ့”လို့ ကောလင်းဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

အသတ်ခံသူတွေဟာ လျှော်ဖြူကုန်းရွာသားတွေဖြစ်တဲ့ ဦးမြင့်ဦး၊ သားဖြစ်သူ ကိုအောင်စိုး၊ သားမက်ဖြစ်သူ ကိုမောင်ချို၊ အကိုဖြစ်သူ ဦးကျော်မြင့်ထွန်း၊ ညီဖြစ်သူ မောင်စိုးစိုးစံနဲ့ ဦးဇော်ဇော်၊ သားဖြစ်သူ မောင်ဝင်းဝင်းသူ (၁၄ နှစ်အရွယ် ၇ တန်းကျောင်းသား) နဲ့ အိမ်အနီးဝန်းကျင်က မောင်မျိုးမျိုးအောင်၊ ကိုစိုးဝင်း၊ ကိုဝင်းဝင်းထွန်း၊ ကိုဇော်မင်းစိုး၊ ကိုကျော်စိုး၊ ကိုညီညီနဲ့ ဇီးကနားရွာက ကိုထွန်းဦးတို့ဖြစ်ပြီး သူတို့တွေဟာ သာမာန်ရွာသားတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ရွာသားတွေကို ကိုးတောင်ဘို့ကျေးရွာထဲမှာပဲ စစ်သားတွေက သတ်ခဲ့တာဖြစ်ပြီး၊ ရွာခံတွေရဲ့သတင်းပေးချက်အရ အသတ်မခံရခင်တွေမှာ နေပူလှန်းခံရပြီး၊ ညဘက်တွေမှာ ၂ ရက်ခွဲကာ ဒီဇယ်နဲ့လောင်းပြီး မီးရှို့အသတ်ခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

အခုပျောက်ဆုံးနေသူမှာ ဇီးကနားရွာသား တဦးလို့သိရပြီး၊ ဘယ်သူဘယ်ဝါလဲဆိုတာနဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

သေဆုံးအလောင်းတွေကတော့ ကိုးတောင်ဘို့ရွာထဲမှာရှိနေပြီး ကိုးတောင်ဘို့အထိုင်စခန်းမှာတော့  စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၈၀ ကျော်လောက်ရှိတယ်လို့လည်း သိရပါတယ်။

Source – ThitHtoo Lwin

Related Posts

လွတ်ငြိမ်းနဲ့ လွတ်လာသူ ပြောပြတဲ့ သာယာဝတီထောင်က ငရဲခန်း
သတင်း

လွတ်ငြိမ်းနဲ့ လွတ်လာသူ ပြောပြတဲ့ သာယာဝတီထောင်က ငရဲခန်း

May 27, 2023

ပဲခူးတိုင်း သာယာဝတီထောင်က ငရဲခန်းဖြစ်တယ်လို့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူတွေက...

အရပ်သား ထိခိုက်၊ သေဆုံးမှု များပြားသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ
သတင်း

အရပ်သား ထိခိုက်၊ သေဆုံးမှု များပြားသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ

May 19, 2023

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ ပုန်ကန်မှုများကြောင့် စစ်မျက်နှာများစွာ...

နေပြည်တော်တွင် ပိုင်ရာဆိုင်ရာနှင့် ငွေပေးနိုင်သူများ လျှပ်စစ်မီး ပုံမှန်ရနေ
သတင်း

နေပြည်တော်တွင် ပိုင်ရာဆိုင်ရာနှင့် ငွေပေးနိုင်သူများ လျှပ်စစ်မီး ပုံမှန်ရနေ

May 11, 2023

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး ကြုံတွေ့နေရသည့် လျှပ်စစ်မီး ပုံမှန်မရသည့်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist