စစ်ကောင်စီနှိပ်စက်လုံး ဘက်ပေါင်းစုံကနေအလူးအလှိမ့်ခံစားနေကြရတဲ့မြန်မာပြည်သူပြည်သားတွေ အဖို့ ဒီရက်ပိုင်းအတွင်းရေပန်းအစားဆုံးတစ်ခုကတော့ မီးပျက်တာပါပဲ။ ရန်ကုန်မှာ တစ်ရက်ကို ၅ နာရီ ကနေ ၉ နာရီအထိပဲ လျှပ်စစ်မီးအသုံးပြုခွင့်ရနေတယ်။ ဒီကြားထဲ စက်သုံးဆီကိုချွေတာသုံးဖို့စစ်ကောင် စီအကြီးအကဲတစ်ဦးကပြောလိုက်ပြန်တယ်။ ရာသီဉတုကပူ၊ မီးမလာတော့ ရေကရှား၊ လေအေးပေးစက် တွေကသုံးမရနဲ့ သောကအပူ၊ လူအပူနဲ့ ဘဝကြီးတွေက စုတ်ပြတ်သပ်နေကြရတာပါပဲ။ ထိုင်းနဲ့ အိန္ဒိယ ဖက်မှာလည်း စစ်ရှောင်ဦးရေတွေက တိုးပြီးရင်းတိုးလို့လာနေတယ်။
ဧပြီ ၀၄၊ ၂၀၂၅။ (သောကြာ)
ထိုင်းဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရ ဘင်းစတက်စည်းအဝေးတက်ရောက်ဖို့ မင်းအောင်လှိုင်ဘန်ကောက်ကို ရောက်နေပါတယ်။ဒါဟာရုရှားနဲ့တရုတ်ပြီးရင် သူ့ရဲ့တတိယမြောက်...