အမေရိကန်နိုင်ငံမြို့တော်ဝါရှင်တန်မှာNUGကိုယ်စားလှယ်ရုံးတရားဝင်ဖွင့်လှစ်လိုက်တယ်။တရားဝင်အစိုးရတစ်ရပ်အဖြစ်အသိအမှတ်ပြုဖို့NUGဘက်ကတောင်းဆိုမှုတွေကိုအမေရိကန်ဘက်ကတဖြည်းဖြည်းလိုက်လျောမှုတွေရှိလာတယ်။အရင်ကတည်းကနိုင်ငံကြီးတချို့မှာNUGကိုယ်စားလှယ်ရုံးတွေဖွင့်ခွင့်ရထားပေမယ့်အမေရိကန်မှာတော့အခုမှဖွင့်လှစ်ခွင့်ရတာဖြစ်တယ်။ဒါကြောင့်ဒီနှစ်ထဲမှာNDAAအပါအဝင်အမေရိကန်ရဲ့အကူအညီတွေကိုကျိန်းသေပေါက်ရလာဖို့ရှိမယ်။UNမှာလဲလုံခြုံရေးကောင်စီရဲ့မြန်မာ့အရေးဆုံးဖြတ်ချက်တွေကိုစစ်ကောင်စီလိုက်နာမှုရှိမရှိက်ုမတ်လအတွင်းသုံးသပ်မယ်တဲ့။တကယ်တော့အခုချိန်ထိထိုဆုံးဖြတ်ချက်တွေကိုစစ်ကောင်စီကတစ်ခုမှလိုက်နာခဲ့ခြင်းမရှိသေးပါဘူး။UNSCကသုံးသပ်ပီးရင်ဘယ်လိုအရေးယူမှုမျိုးတွေလုပ်မလဲစောင့်ကြည့်ရမှာပဲ။
အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)
မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့...


