NUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဟာအမေရိကန်နဲ့ဗြိတိန်တို့ကခေါင်းဆောင်တွေနဲ့ဆက်တိုက်ဆိုသလိုတွေ့ဆုံလျက်ရှိတယ်။အမေရိကန်ဘက်ကပြောသွားတဲ့စကားတစ်ခွန်းကတော့စိတ်ဝင်စားဖို့ကောင်းတယ်။နောက်တနှစ် (၂၀၂၄) ကျရင် မြန်မာအကြောင်းပြောကြတဲ့အခါ “ဒီမိုကရေစီလမ်းကြောင်း” အကြောင်းကိုပဲ ပြောကြရတော့မယ်ထင်တယ်။ ပြည်သူတွေကို ရက်ရက်စက်စက်နှိပ်စက်နေခဲ့တဲ့ စစ်အုပ်စုအကြောင်းပြောဖို့ မလိုတော့ဘူး ထင်ပါတယ် တဲ့။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ အထူးအကြံပေးပုဂ္ဂိုလ် ဒဲရက်ချိုလေးပြောသွားတာပါ။
အမေရိကန်ဘက်က ပြောနေတာ၂ ခါတောင် ရှိသွားပြီ ဖြစ်ပါတယ်။ပထမဆုံး တကြိမ်ဖေဖော်ဝါရီ ၁ မှာ ပြောတယ်။အခုလည်း ဒီရက်ထဲ အင်တာဗျူးမှာဒဲရက်ခ်ချိုလေးက ထပ်ပြောတယ်။ နောက်နှစ် ဒီအချိန်ကျရင်စစ်ကောင်စီ မရှိတော့ဘူးလို့ပြောတာ၂ ကြိမ်တိုင် ရှိပြီလို့သတိထားမိတယ်။တဆက်တည်းမှာUSအစိုးရကနေမြန်မာအတွက် လူသားခြင်းစာနာမှုအကူအညီများအဖြစ် ဒေါ်လာ သန်း ၅၀ထပ်မံ ထောက်ပံ့မယ်လို့ ပြောတယ်။ဒါပေမယ့်ထိုအကူအညီတွေဟာNUGဆီတိုက်ရိုက်ရောက်မှာမဟုတ်ပဲကြားခံအဖွဲ့အစည်းတွေကတဆင့်သွားလိမ့်မယ်။