၂၀၂၃ဇန်နဝါရီလနဲ့အခုဖေဖော်ဝါရီလဆန်းပိုင်းမှာပဲတော်လှန်ရေးအဖွဲ့တွေဖက်ကစစ်ရေးအရှိန်မြှင့်တိုက်ခိုက်မှုတွေသိသိသာသာဖြစ်လာတာတွေ့ရတယ်။ပြီးခဲ့တဲ့လကကရင်ပြည်နယ်ထဲမှာပြင်းထန်တဲ့တိုက်ပွဲတွေအများဆုံးဖြစ်ပေါ်ခဲ့တယ်။အထူးသဖြင့်ကော့ကရိတ်၊ဘုရားသုံးဆူ၊ကျုံဒိုးဒေသတွေမှာပေါ့။မြို့ပေါ်တိုက်ပွဲတွေတပ်ရင်းတွေကိုသိမ်းပိုက်နိုင်ခဲ့တဲ့အထိပြင်းထန်ခဲ့တယ်။ဒီလထဲလဲလအစမှာတင်စစ်တပ်ဖက်ကရဟတ်ယာဉ်တစ်စင်းကိုပစ်ချနိုင်ခဲ့ပြီးချင်းပြည်နယ်မှာလည်းထန်တလန်မြို့ကိုသိမ်းပိုက်နိုင်လုနီးပါးပဲ။မနေ့ကNUGရဲ့ထုတ်ပြန်ချက်အတိုင်းဆိုရင်စစ်ကိုင်းတိုင်းထဲမှာလဲရဲစခန်းတွေပျူစောထီးအခြေစိုက်ရွာတွေကိုစစ်တပ်ဖက်ကလက်လွှတ်နေရပြီ။အရင်ကဆိုရင်ထိုကဲ့သို့အားတက်စရာတိုက်ပွဲသတင်းတွေကြားရခဲပေမယ့်အခုတော့မကြာမကြာကြားလာရပြီ။ဒါပေမယ့်ဒါဟာအခုမှအစပဲရှိသေးတယ်။အောင်ပွဲရဖို့ဆိုရင်တော့ဒီထပ်ပိုပြီးအများကြီးကြိုးစားဖို့လိုသေးတယ်။
ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက်...