အရပ်သားတွေကိုလက်နက်ကိုင်ဆောင်ခွင့်ပေးလိုက်တဲ့ဥပဒေကိုသုံးသပ်ကြည့်ရရင်တော်လှန်ရေးအတွက်အကျိုးနဲ့အပစ်ဒွန်တွဲလျက်ရှိတယ်။စစ်ကောင်စီရဲ့ရည်ရွယ်ချက်ကတော့မြို့ကြီးတွေမှာလုံခြုံရေးယူပေးနေရတဲ့စစ်သားလိုအပ်ချက်ကိုလျော့ချချင်တာကြောင့်သူတို့နဲ့နီးစပ်တဲ့သူတွေကိုလက်နက်ကိုင်ဆောင်ခွင့်ပေးပြီးလုံခြုံရေးယူခိုင်းလိုက်တာပဲ။သေချာတာကတော့စစ်ကောင်စီဟာလိုင်စင်လျှောက်ထားတဲ့သူတိုင်းကိုကိုင်ဆောင်ခွင့်ပေးမှာမဟုတ်ဘူး။လက်နက်ကိုင်ဆောင်ခွင့်ရတဲ့သူတွေဟာအရင်ကတည်းကစစ်တပ်အားကိုးနဲ့မိုက်ကြေးခွဲနေတဲ့သူတွေပဲဖြစ်နိုင်မယ်။သူတို့လက်ထဲမှာလက်နက်ရလာတဲ့အတွက်ပတ်ဝန်းကျင်ကိုအနိုင်ကျင့်ပြီးသူတို့လုပ်ချင်ရာလုပ်လာနိုင်မယ်။မင်းမဲ့စရိုက်တွေကျူးလွန်လာနိုင်မယ်။ပြည်သူတွေအတွက်တော့ပိုပြီးကူရာကယ်ရာမဲ့လာနိုင်တယ်။
တဖက်မှာကတွေးကြည့်ရင်လဲမြို့ပေါ်မြေအောက်တော်လှန်ရေးအဖွဲ့အစည်းတွေအပါအဝင်တော်လှန်ရေးအင်အားစုတွေလက်နက်ချို့တဲ့နေချိန်မှာလက်နက်ကိုင်ဆောင်ခွင့်ရထားတဲ့သူတွေဆီကလက်နက်တွေကိုအလွယ်တကူရရှိနိုင်မယ့်အခွင့်အလမ်းတွေပေါ်လာတယ်။ထိုဥပဒေကြောင့်တကယ့်လက်တွေ့မှာယ်ဘက်ကအကျိုးများများဖြစ်ထွန်းမယ်ဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာပဲ။