ချင်းပြည်နယ်၊ထန်တလန်မြို့ရဲစခန်းကိုတော်လှန်ရေးအဖွဲ့တွေကစီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။စစ်သားနဲ့ရဲအင်အားလေးဆယ်ခန့်တပ်စွဲထားတဲ့ထိုရဲစခန်းကိုမနေ့ညကစီးနင်းတိုက်ခိုက်ခဲ့ရာမှာရဲလေးယောက်သေဆုံးပြီးလက်နက်လေးဆယ်ကျော်ရရှိလိုက်တယ်။ကျန်တဲ့စစ်သူပုန်တွေကတော့မြို့ထဲမှာကျန်နေတဲ့တစ်ခုထဲသောစစ်တပ်ကုန်းကိုထွက်ပြေးသွားတယ်။ရဲစခန်းကိုစီးနင်းနေချိန်မှာထိုစစ်တပ်ကုန်းဘက်မှပစ်ကူစစ်ကူပေးမှုမရှိဘူးလို့သိရတယ်။စစ်တပ်ရဲ့အခြေအနေကတမြို့ထဲမှာတောင်စစ်ကူမပေးနိုင်တော့ဘူး။ထန်တလန်မှာလဲတမြို့လုံးကိုတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားပြီးအဆိုပါစစ်တပ်ကုန်းတစ်ခုသာသိမ်းယူနိုင်ဖို့ကျန်တော့တယ်။
ထန်တလန်မြို့ဆိုတာ၂၀၂၁နဲ့၂၀၂၂ခုနှစ်တွေအတွင်းမှာဖက်ဆစ်စစ်တပ်ရဲ့အကြိမ်ကြိမ်မီးရှို့ခြင်းကိုခံရတဲ့မြို့လေးပါ။အခုဆိုရင်တမြို့လုံးလူမနေတော့သလိုရစရာလဲဘာမှမရှိတော့ဘူး။အဆုံးစွန်ခိုးယူလုယက်ဖျက်စီးပြီးတာတောင်စစ်တပ်ဟာမြို့ကိုမဆုတ်ခွာသေးပဲနေရာယူထားဆဲပါပဲ။