ရခိုင်မှာလိုပဲချင်းပြည်နယ်မှာလဲကုန်စည်တင်ပို့မှုကိုစစ်ကောင်စီကပိတ်ပင်ထားတာကြောင့်အခြေခံစားကုန်တွေစျေးနှုန်းမြင့်တက်နေတယ်။မတူပီမြို့မှာဆိုဆန်ပြတ်လတ်တဲ့အခြေအနေအထိဖြစ်နေပြီ။ပြည်မကတင်သွင်းလာတဲ့ဆန်နဲ့စားသောက်ကုန်တွေကိုစစ်ကောင်စီတပ်တွေကဓားမြဆန်ဆန်အတင်းအဓ္ဓမသိမ်းယူနေတယ်။ကယားပြည်နယ်မှာလဲအလားတူပါပဲ။စစ်ရှောင်တွေရိက္ခာပြတ်လတ်နေကြပြီ။
ရခိုင်ပြည်နယ်ကိုမှာအေအေရှိနေတယ်။ချင်းနဲ့ကယားမှာလဲသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေကနယ်မြေထိန်းချုပ်ထားတယ်။ဒါပေမယ့်ထိုဒေသတွေအားလုံးဟာနယ်စပ်ထွက်ပေါက်ပြောပလောက်အောက်မရှိပဲကုန်စည်စီးဆင်းမှုအတွက်ပြည်မကိုမှီခိုနေရတယ်။ဒါကြောင့်စစ်ကောင်စွဟာထိုဒေသတွေကပြည်သူတွေဒုက္ခရောက်အောင်တည်းအမျိုးမျိုးနဲ့ယုတ်မာနေတယ်။