မနေ့ကဒဂုံဆိပ်ကမ်းမြို့နယ်ကဈေးတန်းကိုဖျက်စီးခဲ့တဲ့အကြမ်းဖက်စစ်အုပ်စုဟာဒီနေ့မှာလဲဆက်လက်ဖျက်စီးနေတယ်။မနေ့က၉၄ရပ်ကွက်ကဈေးတန်းကိုဖျက်စီးခဲ့ပြီးဒီနေ့မနက်ပိုင်းမှာလဲ၉၄ရပ်ကွက်ကဈေးဆိုင်တန်းတွေကိုပါဆက်လက်ဖျက်စီးနေတယ်။ဖြိုဖျက်ခံရတဲ့ဆိုင်တွေမှာလက်ဖက်ရည်ဆိုင်၊ဘီယာဆိုင်စတဲ့ဆိုင်ကြီးတွေပါပါဝင်နေတယ်။ဆိုင်ခန်းတွေကိုချက်ချင်းအမြန်ဖျက်ရလို့ဆိုင်ပိုင်ရှင်တွေနဲ့နေအိမ်ဖျက်ခံရသူတွေအတွက်အခန်းထပ်ငှားပြီးပစ္စည်းတွေရွှေ့ပြောင်းရတာကြောင့်ဆိုင်ခန်းနဲ့အိမ်ခန်းငှားခတွေမြင့်တက်နေပြီးမိသားစုတွေအများကြီးဒုက္ခရောက်နေကြတယ်။
စစ်ကိုင်းတိုင်းမှာလဲရွှေဘို၊အရာတော်နဲ့ဝက်လက်မြို့နယ်တွေကိုစစ်အုပ်ချုပ်ရေးနယ်မြေတွေအဖြစ်စစ်ကောင်စီကထပ်တိုးကြေညာလိုက်တယ်။ဒါကြောင်းဒီလအတွင်းတနိုင်ငံလုံးမှာစစ်အုပ်ချုပ်ရေးနယ်မြေတွေအဖြစ်ကြေညာခံလိုက်ရတဲ့မြို့နယ်၄၀အထိရှိနေပါပြီ။