UK နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ London မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့လို့သိရတယ်။UK လိုနိုင်ငံကြီးတစ်ခုကနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်
လက်ခံတွေ့တယ်ဆိုတာကြီးမားတဲ့ အောင်မြင်မှုပါ။ပုံတွေ ကြည့်မယ်ဆိုရင်လည်းဗြိတိန်အလံနဲ့ မြန်မာအလံကိုနောက်ခံထားတာတွေ့ရတယ်။ဒါလည်း လေးနက်တဲ့ပြယုဂ်ပါပဲ။UK ဟာ ဒီနောက်ပိုင်းမှာမြန်မာအရေးနဲ့ပတ်သက်ပြီးလှုပ်ရှားမှု အရေးယူမှုတွေပိုပြီးလုပ်ဆောင်လာတယ်။၂၀၂၂ ဒီဇင်ဘာမှာ UNSCမြန်မာအရေး ဆုံးဖြတ်ချက်ချနိုင်ဖို့ ဦးဆောင်ခဲ့သေးတယ်။စစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းတဲ့သူတွေ ပိတ်ဆို့အရေးယူနေတာတွေ ရှိတယ်။ဒါပြင် ဒေါ်ဇင်မာအောင်ဟာUK Labour Party လွှတ်တော်အမတ် Rushanara Ali နဲ့၂ နာရီကြာ တွေ့ဆုံခဲ့သေးတယ်။
UKကမြန်မာ့အရေးမှာလက်တွေ့အားစိုက်လာရင်ကျန်မဟာမိတ်နိုင်ငံတွေကမြန်မာအရေးမှာ ပိုပြီးတော့ပါဝင်လာမှာသေချာတယ်။ဒီလို US UK တို့တွေကပိုအားစိုက်လာမယ်ဆိုရင်NUG အစိုးရ သံတမန်ရေးအောင်မြင်မှုပိုရလာမယ်။စစ်ကောင်စီပိုပိတ်ဆို့နိုင်မယ်။မြန်မာပြည်ထဲလိုအပ်နေတဲ့လူသားချင်းစာနာမှုအကူအညီအပြင်တော်လှန်ရေးထဲ လိုအပ်တဲ့အကူအညီတွေ ပိုပြီးတော့ရလာတော့မှာ သေချာတယ်။အားရဖို့ ကောင်းတဲ့တွေ့ဆုံမှုပဲ။