မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ ပုသိမ်-မုံရွာလမ်းပေါ်ရှိ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၁၃,၀၀၀ ကျော်သည် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။
“စစ်ကြောင်းက ယင်းမာပင်မြောက်ခြမ်းကတဆင့် အရပ်အခေါ် ဒလန်ကုန်း(အကျိုးကုန်း) ရွှေတောင်ဦး ကုန်းကနေ စစ်ကြောင်းထိုးလာတာပါ”ဟု ယင်းမာပင်၊ ဆားလင်းကြီး လူထုသပိတ်ခေါင်းဆောင်တစ်ဦးက မဇ္စျိမကို ပြောသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သားများသည့် ယင်းမာပင်မြောက်ခြမ်း ကျောက်မှော်၊ စုန်းချောင်း၊ ပန်းတိမ်ပြင်၊ ငွေဆောင်စသည့်ကျေးရွာများမှတဆင့် ရွှေတောင်ဦးကုန်းတွင်ရပ်နားပြီး စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းဆိုသည်။
မဇ္စျိမမှလက်ခံရရှိသော ဗီဒီယိုမှတ်တမ်းနှင့်ရုပ်ပုံများတွင် ပြည်သူများသည် ယာဉ်အမျိုးမျိုးဖြင့်အထုပ် အပိုးများဆွဲလျက် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည့်အပြင် အိမ်မွေးတိရိစ္ဆာန်များပါ ခေါ်ဆောင်လာခြင်းများ တွေ့ရှိရသည်။
စစ်ကောင်စီတပ်က မည်သည့်အတွက် ယခုကဲ့သို့စစ်ကြောင်းထိုးဝင်ရောက်လာခြင်းနှင့် နေအိမ်စွန့်ခွာ တိမ်းရှောင်နေရသော ပြည်သူများ၏အခြေအနေကို မဇ္စျိမအနေဖြင့် အသေးစိတ်သိရှိရန် ဆက်လက်စုံစမ်း နေဆဲဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ပုသိမ်-မုံရွာလမ်း
Credit to – Mizzima
https://www.mizzimaburmese.com/article/122766