မနေ့ကဒေသတချို့ကိုမာရှယ်လောထုတ်ပြန်လိုက်တဲ့အပေါ်တချို့ကစိုးရိမ်မှုတချို့ရှိကြတယ်။ထိုဒေသတွေအပေါ်မှာစစ်ကောင်စီကပိုမိုကြမ်းရမ်းလာမလားပေါ့။မြေပြင်အခြေအနေအရပြောရရင်အခုလဲတနိုင်ငံလုံးလိုလိုမှာကြမ်းရမ်းနေတာပဲလေ။မီးကုန်ယမ်းကုန်သတ်မယ် ဖြတ်မယ်။ သူတို့မရရအောင် အုပ်ချုပ်မယ်။ တကယ်တော့ သူတို့က ဒူးထောက်ပြီး မကြာခင် အညံ့ခံရမှာဖြစ်တဲ့အတွက် သူ့အနေနဲ့ မထူးဇာတ်ခင်းတာပဲ။ တိုင်းပြည်ကို သွေးချောင်းစီးအောင်လုပ်တာ၊ မီးဟုန်းဟုန်း တောက်အောင် ထပ်လုပ်တာပဲ။ ပြည်သူလူထုအနေနဲ့ကတော့ သူတို့စစ်အုပ်ချုပ်ရေးပဲပြောပြော ဘယ်လိုနည်းနဲ့ပဲ အုပ်ချုပ် အုပ်ချုပ် လက်ခံနိုင်စရာ မရှိတော့ဘူး။ နေ့တိုင်း လူသတ်၊ နေ့တိုင်း တစ်ပြည်လုံးပတ် မီးပုံတိုက်နေတဲ့စစ်အာဏာရှင်ရဲ့အောက်ကနေပြီးတော့လုံးဝမရရတဲ့နည်းနဲ့တစ်ပြည်လုံးညီညီညာညာနဲ့ ဝိုင်းဝန်းပြီးတော့တိုက်ခိုက်ပြီလေ။ ဒီစစ်အုပ်ချုပ်ရေး မာရှယ်လောဆိုတာက အခုလုပ်နေတာနဲ့ ဘာမှ မထူးဘူး။ အခုလည်း တစ်ပြည်လုံးမှာ ဒီတိုင်းပဲသွားနေတာပဲ။ အမိန့်ထုတ်လိုက်တာကလွဲပြီးတော့ ဘာမှပိုမလာပါဘူး။ဒီတော့ပြည်သူတွေညီညီညာညာနဲ့ဝိုင်းဝန်းပြီးတော့ဒါကြီးကိုတွန်းလှန်ဖယ်ရှားကြဖို့ပဲရှိမယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...