ဒီနေ့စစ်အာဏာသိမ်းထားတာနှစ်နှစ်ပြည့်တဲ့အနေနဲ့သုံးကြိမ်မြောက်ပြည်လုံးကျွတ်အသံတိတ်သပိတ်ကိုတနိုင်ငံလုံးမှာပြုလုပ်ကြတယ်။ဒီတခေါက်မှာလဲအရင်အကြိမ်တွေအတိုင်းပဲအောင်မြင်ခဲ့တယ်။စစ်အုပ်စုဘက်ကတော့အရင်ကလောက်အကြောက်အကန်တားဆီးပိတ်ပင်အရေးယူတာတွေမျိုးသိပ်မတွေ့ရဘူး။ဒါပေမယ့်ရန်ကုန်၊မန္တလေးလိုမြို့ကြီးတွေမှာတော့စစ်အုပ်စုဖက်ကအကြံအဖန်တပ်ထောက်ခံပွဲတွေတန်ပြန်ပြုလုပ်ကြတယ်။ဒါပေမယ့်သူတို့လုပ်တဲ့ထောက်ခံပွဲကအသုဘဇာပနပို့အခမ်းအနားတစ်ခုလောက်တောင်စည်ကားမှုမရှိပါဘူး။ပိုက်ဆံပေးပြီးနေ့စားတွေငှားကာပြုလုပ်ခဲ့ပေမယ့်လိုက်မယ့်သူတောင်မရှိဘူး။ဘယ်ပြည်သူမှသူတို့ဘက်မှာမရှိဘူး။ဒီနေ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကမြန်မာသံရုံးရှေ့မှာလဲထိုင်းရောက်မြန်မာနိုင်ငံသားအများအပြားစုရုံးပြီးဆန္ဒပြကြသေးတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


