စစ်ကောင်စီကဒီနေ့မှာကာလုံအစည်းအဝေးလုပ်တယ်။၂၀၀၈အခြေခံဥပဒေအရအရေးပေါ်ကာလကိုသက်တမ်းတိုးဖို့ဒီနေ့မှာဆုံးဖြတ်ရမယ်။ထင်ထားတဲ့အတိုင်းပဲဥပဒေထဲမှာမပါဘဲနောက်ထပ်ခြောက်လသက်တမ်းတိုးလိုက်တယ်။နိုင်ငံဟာတည်ငြိမ်မှုမရှိသေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့။ဒါပေမယ့်သူတို့သတိမထားမိတာကထိုအကြောင်းပြချက်ဟာစစ်ခေါင်းဆောင်တွေအနေနဲ့နိုင်ငံကိုထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးဆိုတာတရားဝင်ဝန်ခံလိုက်သလိုဖြစ်သွားပြီ။မီဒီယာတွေပေါ်မှာ၊ဝါဒဖြန့်ချီရေးပိုင်းမှာဘယ်လိုပဲတည်ငြိမ်နေပြီလို့ပြောနေပေမယ့်သူတို့အာဏာတည်မြဲဖို့အတွက်အမှန်တရားတစ်ခုကိုလက်ခံလိုက်ရတာပဲ။
တရားဝင်မှုမရှိတဲ့ရွှေးကောက်ပွဲကိုလုပ်နိုင်ဖို့အတွက်ခြောက်လသက်တမ်းတိုးလိုက်ရတယ်ဆိုပေမယ့်လာမယ့်ခြောက်လဟာစစ်ကောင်စီနဲ့NUGအတွက်အဆုံးအဖြတ်ကာလပဲ။ရွှေးကောက်ပွဲသာဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်အောင်မြင်သွားရင်စစ်အုပ်စုအတွက်ထွက်ပေါက်တစ်ခုရသွားလိမ့်မယ်။ဒါကိုတားဆီးနိုင်ဖို့စစ်ရေးအရှိန်တနိုင်ငံလုံးမှာမြှင့်တင်ဖို့ကလွဲပြီးအခြားနည်းလမ်းမရှိဘူး။တဖြည်းဖြည်းနဲ့တော့စိတ်ဝင်စားစရာကောင်းလာပြီ။