ကရင်ပြည်နယ်ပြီးတော့ကချင်ပြည်နယ်ဖားကန့်မြို့ဖက်မှာလဲစစ်ကောင်စီရဲစခန်းတွေတိုက်ခိုက်ခံမေရတယ်။ဖားကန့်မြို့ကမှော်ဆီစာရဲစခန်းကိုမနေ့ညကKIA/PDFပူးပေါင်းအဖွဲ့ကဝင်ရောက်တိုက်ခိုက်ပြီးစခန်းကိုမီးရှို့ဖျက်စီးခဲ့တယ်။ထိုစခန်းကဖားကန့်မြို့မှာစစ်ကောင်စီရဲ့အရေးပါတဲ့စစ်ဆေးရေးဂိတ်တစ်ခုဖြစ်တယ်လို့သိရတယ်။ကချင်ပြည်နယ်ဖက်မှာလဲတိုက်ပွဲတွေရှိနေပေမယ့်KIAကသတင်းထုတ်ပြန်မှုမရှိတာကြောင့်သိပ်မသိရဘူး။ဘာပဲဖြစ်ဖြစ်ဒီလထဲမှာတော့တနိုင်ငံလုံးမှာNUGပြောခဲ့သလိုစစ်ရေးအရှိန်မြင့်တက်လာတာသတိထားမိတယ်။
ဧပြီ ၂၀၊ ၂၀၂၄။ (စနေ)
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ဆုံးရှုံးလိုက်ရတာဟာစစ်ကောင်စီကို အများကြီးနစ်နာစေပါတယ်။ အခုလောလောဆယ်မှာတော့ မြန်မာပြည်မှာ...