ကော့ကရိတ်မြို့ဘက်မှာလည်းဒီလ၂၀ရက်နေ့ကစပြီးစစ်တပ်နဲ့KNUတို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလျက်ရှိတယ်။ကော့ကရိတ်မြို့နယ်၊ကျုံဒိုးမြို့အနီးကရွာတွေကိုစစ်တပ်ကအင်အား၁၅၀ခန့်နဲ့နယ်မြေကျူးကျော်ဝင်ရောက်လာလို့တော်လှန်ရေးအဖွဲ့တွေကအပြင်းအထန်ပြန်လည်ခုခံခဲ့တယ်။ဒီနေ့အထိတိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်သူပုန်တွေဘက်ကကိုးဆယ်ကျော်သေဆုံးပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့သိရတယ်။စစ်တပ်ကတိုက်ပွဲနဲ့မဆိုင်တဲ့KNUနယ်မြေအတွင်းကသတ္ထုတွင်းတစ်ခုကိုလဲဗုံးကြဲတိုက်ခိုက်သွားသေးတယ်။ထိုတိုက်ပွဲတွေမှာတော်လှန်ရေးတပ်တွေဘက်ကအရင်KNUခွဲထွက်အဖွဲ့ဖြစ်တဲ့DKBAပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။DKBAဟာစစ်ကောင်စီနဲ့ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့တစ်ခုဖြစ်ပြီးအရင်ကဘယ်ဖက်မှာမှပါဝင်တိုက်ခိုက်ခဲ့ခြင်းမရှိခဲ့ဘူး။ဒါပေမယ့်စစ်ကောင်စီကDKBAတပ်ဖွဲ့တွေကိုအကြောင်းပြချက်မရှိပဲမထင်ရက်မထင်သလိုတိုက်ခိုက်ခဲ့တာကြောင့်တော်လှန်ရေးအဖွဲ့တွေဖက်ပါဝင်လာတာဖြစ်မယ်။ဟိုတနေ့ကတင်DKBAတပ်မှုးတစ်ဦးရဲ့နေ့အိမ်ကိုစစ်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လေ။
နိုဝင်ဘာ ၁၉၊ ၂၀၂၃။ (တနင်္ဂနွေ)
ကရင်နီပြည်နယ်လွိုင်ကော်မြို့ကကုလသမဂ္ဂဝန်ထမ်းတွေနဲ့အန်ဂျီအိုဝန်ထမ်းတွေရှမ်းပြည်နယ်ဘက်ကိုထွက်ခွာခွင့်ရသွားတယ်။ဒါပေမယ့်မြို့ထဲမှာအရပ်သားအများအပြားပိတ်မိနေဆဲပဲ။လွိုင်ကော်တက္ကသိုလ်ထဲမှာစစ်တပ်ရဲ့လူသားဒိုင်းအဖြစ်အသုံးချခံထားရတဲ့ဝန်ထမ်းတွေနဲ့ကျောင်းသားတွေကိုတော့တော်လှန်ရေးအဖွဲ့တွေကယ်ထုတ်လိုက်နိုင်တယ်။ဒါကိုစစ်ကောင်စီကထိုဝန်ထမ်းတွေကိုတော်လှန်ရေးအဖွဲ့တွေကမတရားဖမ်းဆီးသွားပါတယ်ဆိုပြီးအသံလွှင့်သေးတယ်။သူတို့ဘာတွေပြောနေပါစေအမှန်တရားကိုလူတိုင်းသိနေတာပဲ။အခုဆိုစစ်ကောင်စီတပ်တွေနှစ်ရှည်လများတပ်စွဲအထိုင်ချထားတဲ့လွိုင်ကော်တက္ကသိုလ်ကိုကရင်နီတပ်ပေါင်းစုအဖွဲ့တွေထိန်းချုပ်ထားနိုင်ပြီးလွိုင်ကော်မြို့ပတ်ပတ်လည်ကိုလဲဝိုင်းထားနိုင်ပြီ။မြို့လယ်ကနေရာကွက်ကွက်လေးကိုသားစစ်သူပုန်တွေထိန်းချုပ်ထားနိုင်တော့တယ်။ ရခိုင်ပြည်နယ်မှာလဲအေအေကဆက်တိုက်ဆိုသလိုထိုးစစ်ဆင်နေတယ်။တချို့ရဲ့စခန်းတွေဆိုရင်သေနတ်သံကြားတာနဲ့လက်နက်ချကုန်တော့တာပဲ။ဒါ့ကြောင့်စစ်ကောင်စီဟာစခန်းအသေးတွေကသူတို့လူတွေကိုစွန့်ခွာခိုင်းပြီးစခန်းအကြီးတွေမှာပူးပေါင်းခိုင်းထားတာကြောင့်အေအေဟာစစ်မတိုက်လိုက်ရပဲရခိုင်ပြည်နယ်ကစခန်း၄၀လောက်ကိုရရှိလိုက်တယ်။ဒါပေမယ့်စစ်ကောင်စီဟာရခိုင်ပြည်နယ်မှာတိုက်ပွဲတွေပြန်စတဲ့နေ့ကစပြီးကုန်လမ်းကြောင်းတွေကိုပိတ်ဆို့ထားလိုက်ပါပြီ။ပြည်မကဝင်တဲ့လမ်းကြောင်းတွေအကုန်ပိတ်ဆို့ထားတဲ့အပြင်ပြည်နယ်ထဲမှာတမြို့နဲ့တမြို့ကိုတောင်ကူးလူးသွားလာလို့မရတော့ပါဘူး။ဒါကြောင့်ရခိုင်ပြည်နယ်ထဲမှာကုန် ဈေးနှုန်းတွေမြင့်တက်လာပြီးပြည်သူတွေဒုက္ခရောက်နေကြပြီ။ဒီအခြေအနေကိုအေအေကဘယ်လိုဖြေရှင်းမလဲဆိုတာစိတ်ဝင်စားစရာပဲ။