မနေ့ည၁၀နါရီလောက်မှာကရင်ပြည်နယ်၊ထိုင်းနယ်စပ်ကကဘုရားသုံးဆူမြို့ထဲကိုတော်လှန်ရေးအဖွဲ့တွေဝင်ရောက်နိုင်ခဲ့ပြီးစစ်ကောင်စီရုံးဌာနတွေဖြစ်တဲ့စစ်ထောက်လှမ်းရေးရုံး၊ထွေအုပ်ရုံး၊လဝကရုံးတွေကိုမီးရှို့ဖျက်စီးနိုင်ခဲ့တယ်။အဓိကရည်ရွယ်ချက်ကတော့မြို့ထဲမှာလည်ပတ်နေတဲ့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားကိုဖျက်စီးလိုက်နိုင်တာပဲ။ တော်လှန်ရေးအဖွဲ့တွေဝင်ရောက်လာချိန်မှာမြို့ထဲကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်မလာရဲကြဘူး။လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်မှုတချို့သာလုပ်နိုင်ခဲ့တယ်။
ကရင်ပြည်နယ်မှာတော့တော်လှန်ရေးအဖွဲ့တွေဟာမြို့တွေကိုအလွယ်တကူခြိမ်းခြောက်နိုင်တဲ့အနေအထားဖြစ်နေပါပြီ။ဒီလတွေထဲမှာပဲကော့ကရိတ်၊ကြာအင်းဆိတ်ကြီးနဲ့အခုဘုရားသုံးဆူမြို့တွေကစစ်ကောင်စီတပ်တွေကိုဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြတယ်။စစ်ကောင်စီရဲ့လေတပ်သာမရှိရင်ထိုမြို့တွေကိုအလွယ်တကူသိမ်းပိုက်နိုင်ပြီးလောက်ပြီ။