Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဇန်နဝါရီ ၂၁၊ ၂၀၂၃။ (စနေ)

January 27, 2023
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1min read
Share on FacebookShare on Twitter

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)  ဗျူဟာမှူး ဗိုလ်အေဝမ်းရဲ့ အိမ်ကိုစစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး ၃ လုံးကြဲချသွားတယ်။ ဗုံးဒဏ်ကြောင့် ဒီကေဘီအေတပ်သား၂ဦးဒဏ်ရာရပြီးဗျူဟာမှူးဗိုလ်အေဝမ်းရဲ့နေအိမ်လည်းထိခိုက်ပျက်စီးသွားပါတယ်။လေကြောင်းတိုက်ခိုက်မယ့်သတင်းရထားလို့ DKBA တာဝန်ရှိသူတွေနဲ့ တပ်သားတွေကတော့ ဘေးလွတ်ကင်းရာမှာ အချိန်မီပြောင်းရွှေ့ ရှောင်တိမ်းနိုင်ခဲ့ပြီး DKBA ကားမောင်းသမား နှစ်ယောက်သာ ထိခိုက်ခဲ့တယ်။

(DKBA)ဟာတနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အန်စီအေမှာပါဝင်လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်သလိုအာဏာသိမ်းပြီးနောက်မှာလည်းစစ်ခေါင်းဆောင်နဲ့နေပြည်တော်မှာဖိတ်ခေါ်တိုင်းသွားရောက်တွေ့ဆုံနေတဲ့အဖွဲ့ဖြစ်တယ်။ဒါပေမဲ့ အောက်ခြေ DKBA တပ်ရင်းတချို့ကတော့  စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေတာနဲ့ နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေသူတွေကို ကူညီပေးတာတွေလည်းရှိပြီး  အခု ဗိုလ်အေဝမ်းရဲ့တပ်ဟာလည်း စစ်ကောင်စီကို ပြန်တိုက်နေလို့ ဗုံးကြဲခံခဲ့ရတာလို့သိရတယ်။စစ်ကောင်စီကတော့ဒီနှစ်အစမှာပဲတနိုင်ငံလုံးမှာလေကြောင်းတိုက်ခိုက်မှုတွေကိုအရင်ကထပ်သိသိသာသာပိုမိုပြုလုပ်လာတာကိုတွေ့ရတယ်။

Related Posts

မတ် ၀၄၊ ၂၀၂၃။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

မတ် ၀၄၊ ၂၀၂၃။ (စနေ)

March 27, 2023

မြန်မာနိုင်ငံတဝန်းစစ်တပ်သိမ်းပြီး၂နှစ်ကျော်ကာလအတွင်းကျမ်းမာရေးဝန်ထမ်းအယောက်၇၀၀လောက်သတ်ဖြတ်ခံထားရတယ်လို့NUGကထုတ်ပြန်လိုက်တယ်။အယောက်၉၀၀လောက်ဖမ်းဆီးခံထားရတယ်။စစ်အုပ်စုဟာကျမ်းမာရေးနဲ့ပတ်သက်တဲ့အဆောက်အုံများစွာကိုလဲဖျက်စီးထားသေးတယ်။ ကျမ်းမာရေးဝန်ထမ်းတွေဟာအာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီကိုအရေအတွက်အများဆုံးနဲ့CDMလုပ်ထားခဲ့တာပါ။အခုဆိုရင်စစ်ကောင်စီရဲ့ကျမ်းမာရေးစနစ်မှာလူအင်အားလုံလောက်မှုရှိမနေဘူး။ဒါကြောင့်စစ်အုပ်စုဟာကျမ်းမာရေးဝန်ထမ်းတွေအပေါ်အငြိုးတကြီးနဲ့တုန့်ပြန်ခဲ့တယ်။CDMလုပ်ထားတဲ့ဆရာဝန်တွေကိုပြည်တွင်းမှာဆေးကုလို့မရအောင်ပိတ်ပင်ခဲ့တယ်။ပြည်ပထွက်ဖို့ကိုလဲပတ်စပို့စ်ပြုလုပ်ခွင့်မပေးဘူး။CDMဆရာဝန်တွေကိုအလုပ်ခန့်ထားပြီးထောက်ပံပေးတဲ့မန္တလေးကပုဂ္ဂလိကဆေးရုံကြီးတွေဆိုဟိုတလောကယာယီပိတ်သိမ်းခံလိုက်ရသေးတယ်။ နယ်တွေမှာလဲစစ်အုပ်စုဟာသူတို့အုပ်ချုပ်မှုအောက်မှာမရှိတဲ့ဆေးရုံဆေးခန်းတွေကိုစစ်ကြောင်းထိုးရင်းဒါမှမဟုတ်လေကြောင်းကဗုံးကြဲပြီးဖျက်စီးနေကြတယ်။မြို့ကြီးတွေမှာလဲစစ်ကောင်စီရဲ့ကျန်းမာရေးစောင့်ရှောက်မှုဟာဟိုးအောက်ဆုံးရောက်နေပြီ။၂၀၂၁ကိုဗစ်တတိယလှိုင်းမှာပြည်သူအများအပြားသေဆုံးခဲ့ကြရတယ်။

စစ်ကိုင်းတွင် နယ်လှည့်ခေါင်းဖြတ်နေသည့် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း
အာဏာသိမ်း ဒိုင်ယာရီ

မတ် ၀၃၊ ၂၀၂၃။ (သောကြာ)

March 27, 2023

စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာထဲ မတ်(၁)ရက်မှာ စီးနင်းဝင်မွှေ သောင်းကျန်းတဲ့...

မတ် ၀၂၊ ၂၀၂၃။ (ကြာသပတေး)
အာဏာသိမ်း ဒိုင်ယာရီ

မတ် ၀၂၊ ၂၀၂၃။ (ကြာသပတေး)

March 27, 2023

အိမ်နီးချင်းအိန္ဒိယနိုင်ငံဟာမြန်မာစစ်တပ်ကိုစစ်လက်နက်ပစ္စည်းတွေဆက်လက်ရောင်းချနေတယ်။မြန်မာ့အရေးမှာစစ်ကောင်စီကိုထောက်ခံနေတဲ့နိုင်ငံတွေထဲမှာတရုတ်ကိုသာလူသိများကြပေမယ့်အိန္ဒိယကတော့နောက်ကွယ်ကနေလူမသိသူမသိစစ်ကောင်စီကိုထောက်ပံလျက်ရှိတယ်။အိန္ဒိယကထောက်ပံထားတဲ့စစ်လက်နက်ပစ္စည်းတွေနဲ့မြန်မာစစ်တပ်ဟာပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေကျူးလွန်လျက်ရှိတယ်။ဒါအချက်ကိုအတော်များများသတိမထားမိကြဘူး။နယ်စပ်ကစစ်ဘေးရှောင်မြန်မာဒက္ခသည်တွေကိုလဲတရားဝင်ခုံလှုံခွင့်ပေးမထားဘူး။ ကမ္ဘာ့အကြီးဆုံးဒီမိုကရေးစီနိုင်ငံကြီးတစ်ခုဖြစ်တဲ့အိန္ဒိယရဲ့လုပ်ရပ်တွေဟာမြန်မာပြည်သူတွေအပေါ်နောက်ကျောကနေဓားနဲ့ထိုးနေတာပဲ။

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist