ကယားပြည်နယ်ဘော်လခဲမြို့နယ်ကစစ်တပ်အခိုင်အမာစခန်းတစ်ခုဖြစ်တဲ့မယ်စလောင်းတောင်စခန်းကုန်းကိုKNDFအဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။စစ်သူပုန်လေးယောက်သေဆုံးပြီးကျန်တဲ့သူတွေထွက်ပြေးသွားလို့လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိလိုက်တယ်။အားရဖို့ကောင်းတာကထိုစခန်းကိုတိုက်ခိုက်နေစဉ်အတွင်းမှာပဲဘော်လခဲမြို့ပေါ်ကစစ်တပ်ရင်းကိုပိတ်ဆို့ထားနိုင်တယ်။ဒါကြောင့်စစ်သူပုန်တွေဘက်ကစစ်ကူလဲလွှတ်မရဖြစ်သွားတာပေါ့။အခုနောက်ပိုင်းတော်လှန်ရေးအဖွဲ့တွေစခန်းသိမ်းတိုက်ပွဲဆင်နွှဲရင်ထိုဗျူဟာကိုအသုံးပြုလာကြတယ်။လဆန်းပိုင်းကကော့ကရိတ်တိုက်ပွဲမှာလဲဒီသဘောတရားပဲ။စစ်ကူပေးနိုင်မယ့်လမ်းကြောင်းတွေကိုပိတ်ဆို့ခြင်း၊ဒါမှမဟုတ်တပြိုင်နက်တိုက်ခိုက်ခြင်းဗျူဟာကိုကျင့်သုံးလာကြပြီ။လူအင်အားလက်နက်အင်အားရှိလာတာလဲပါမှာပေါ့။
ကယားပြည်နယ်မှာအရင်စစ်တပ်လက်အောက်ခဲပည်သူ့အဖွဲ့ကလဲတော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းတော့မယ်လို့ကြားရတယ်။နယ်မြေတဆက်ထဲရှမ်းပြည်တောင်ပိုင်းမှာလဲလှုပ်ရှားမှုလေးတွေရှိလာပြီဆိုတော့ကယားပြည်နယ်အတွင်းစစ်ရေးမှာဒီထပ်ပိုပြီးအခြေအနေကောင်းလာနိုင်ပါတယ်။