၂၀၂၂နှစ်ကုန်ပိုင်းမှာစစ်ကောင်စီဟာနိုင်ငံတကာအသိအမှတ်ပြုခံရဖို့ကြိုးပမ်းမှုတစ်ခုလုပ်ခဲ့တယ်။မဲေခေါင်-လန်မန်ထိပ်သီးအစည်းအဝေးကိုမြန်မာမှာလက်ခံကျင်းပဖို့ပြင်ဆင်ခဲ့တယ်။ထိုအစည်းအဝေးဟာမဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံခေါင်းဆောင်တွေတက်ရောက်ကြမယ့်အစည်းအဝေးပဲ။ဒါပေမယ့်အဓိကအင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံကတက်ရောက်ဖို့အကြောင်းမပြန်ခဲ့လို့အစည်းအဝေးပျက်သွားတယ်။ထိုအစည်းအဝေးသာအောင်မြင်ခဲ့ရင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာတခြားနိုင်ငံခေါင်းဆောင်တွေနဲ့ပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံခွင့်ရသွားမှာပါ။မဲခေါင်မြစ်ပေါ်ကကျန်တဲ့နိုင်ငံတွေဖြစ်တဲ့ထိုင်း၊လာအို၊ကမ္ဘောဒီးယား၊ဗီယမ်နမ်တို့ဆိုတာစစ်ကောင်စီကိုလက်ခံတဲ့နိုင်ငံတွေပဲလေ။တရုတ်ရဲ့ရပ်တည်ချက်ကြောင့်စစ်ကောင်စီရဲ့အကြံအစည်အထမမြောက်ခဲ့ဘူး။တရုတ်ကလဲအာဆီယံဆုံးဖြတ်ကိုကျော်ပြီးစစ်ကောင်စီကိုထောက်ခံသလိုဖြစ်သွားမှာမို့ထိုအစည်းအဝေးကိုလက်ရှောင်ခဲ့တယ်လို့ယူဆရတယ်။ဒီကိစ္စအပြီးမှာပဲတရုတ်ကိုယ်စားလှယ်အသစ်မြန်မာပြည်ကိုရောက်လာခဲ့ပေမယ့်ဘာမှအကြောင်းမထူးခဲ့ဘူး။စစ်ကောင်စီဟာနောက်ပိုင်းကာလတွေမှာတရုတ်ကိုလိုက်လျောမှုတွေမပြုလုပ်တော့တာကြာနေပြီ။အခုဆိုရင်တရုတ်နဲ့စစ်ကောင်စီကြားအပ်ကြောင်းဟာပိုမိုကြီးမားလာတယ်။ဒါဟာတော်လှန်ရေးအတွက်အားတစ်ခုပဲ။ဒါကိုဒီမိုကရေစီအင်အားစုတွေအနေနဲ့ကောင်းကောင်းအသုံးချနိုင်ဖို့လိုအပ်တယ်။တရုတ်ကိုစည်းရုံးနိုင်ရင်၊တရုတ်ကစစ်ကောင်စီကိုလုံးဝလက်လျော့လိုက်ရင်ဒီပွဲဟာမြန်မြန်ပြတ်နိုင်တယ်။
ဇန်နဝါရီ ၀၄၊ ၂၀၂၅။ (စနေ)
ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်နဲ့မန္တလေးနေပြည်တော်မြို့ကြီးတွေအလှည့်ကျဝန်အားလျော့ ဓာတ်အားပေးမည့်အစီအစဥ်အသစ်တစ်ခုကို စစ်ကောင်စီကစတင်လိုက်ပါပြီ။ရန်ကုန်ကို လျှပ်စစ်မီးလေးနာရီလာ၊၈နာရီပျက်စနစ်နဲ့ဓာတ်အားပေးမှာဖြစ်ပြီး...