NUGကနောက်ထပ်ငွေရှာမယ်ပရောဂျက်တွေထပ်လုပ်မယ်လို့ပြောတယ်။EODပရောဂျက်တွေဆိုရပ်ထားတာနည်းနည်းကြာနေပြီ။NUGအနေနဲ့ရန်ပုံငွေရှာဖွေမှုမှာသွေးအေးနေတာသတိထားမိတယ်။အခုလောလာဆယ်ငွေတိုက်စာချုပ်ရောင်းချမှုနဲ့နွေဦးအိမ်ရာမြေကွက်ရောင်းချမှုတွေကနေဒေါ်လာသန်းတစ်ရာလောက်ရထားတယ်တဲ့။လေးဆယ်ရာခိုင်နှုန်းကိုငွေတိုက်စာချုပ်တွေကနေရရှိပြီးခြောက်ဆယ်ရာခိုင်နှုန်းကိုတော့EODပရောဂျက်တွေကနေရရှိထားတယ်။ထို့အပြင်စိုးမိုးနယ်မြေတွေမှာအောင်မြင်စွာအခွန်ကောက်ခံနေတယ်။အခွန်ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကိုလဲအတိအကျထုတ်ပြန်ထားတာကြောင့်အခုဆိုရင်စိုးမိုးနယ်မြေတွေမှာအခွန်ကောက်ခံမှုတွေပုံမှန်လည်ပတ်နေပြီ။အခွန်ငွေသုံးဘီလီယံခန့်ကိုလဲရရှိထားပါပြီ။တော်လှန်ရေးအတွက်ရန်ပုံငွေရှာဖွေမှုနဲ့ရရှိမှုတွေကတော့အရှိန်အဟုန်နဲ့ဆက်လက်ချီတက်နေတယ်။