ချင်းပြည်နယ်နဲ့အိန္ဒိယနယ်စပ်ကCNFဌာနချုပ်စခန်းကိုစစ်တပ်ကနှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။စစ်တပ်ရဲ့တိုက်လေယာဉ်တွေဟာထိုလေကြောင်းပစ်ခတ်မှုအတွက်အိန္ဒိယလေပိုက်နက်ကိုအသုံးပြုခဲ့ပြီးဗုံးတစ်လုံးလဲနယ်ခြားမျဉ်းရဲ့ဟိုဘက်ကိုကျရောက်ခဲ့တယ်။ဒီကိစ္စအတွက်အိန္ဒိယဘက်ကအခုချိန်ထိဘာသံမှာထွက်မလာပဲနုတ်ဆိတ်နေတယ်။အိန္ဒိယဟာဒီမိုကရေစီနိုင်ငံကြီးဖြစ်နေပြီးသူ့နိုင်ငံသိက္ခာကိုမှအားမနာပဲစစ်ကောင်စီကိုမသိမသာထောက်ခံမှုပေးနေတယ်။ပြောရရင်တော့မြန်မာပြည်ရဲ့အိမ်နီးချင်းနိုင်ငံတွေအကုန်မြန်မာပြည်သူတွေဘက်မှာမရှိဘူး။
ဗုံးကျဲတိုက်ခိုက်မှုပြီးတဲ့နောက်လဲထန်တလန်မြို့နယ်ထဲမှာစစ်ကောင်စီရဲ့ကင်းထောက်လေယာဉ်တွေပျံဝဲနေလို့လေကြောင်းအန္တရာယ်စိုးရိမ်ချက်ကြောင့်NUGရဲ့ကြားကာလပညာရေးကျောင်းပေါင်းကိုးဆယ်ကျော်ရက်အကန့်အသတ်မရှိပိတ်လိုက်ရတယ်။စစ်သူပုန်တွေကကျောင်းသားတွေ၊ကလေးတွေမှန်းနားလည်တာမဟုတ်ဘူး။အရိုင်းအစိုင်းကောင်တွေဖြစ်တဲ့အတွက်ကြိုတင်ကာကွယ်တဲ့အနေနဲ့ကျောင်းတွေပိတ်လိုက်ရတာပဲ။