စစ်ကောင်စီဟာရွှေးကောက်ပွဲပြုလုပ်ဖို့လူဦးရေစာရင်းကောက်ယူနေတဲ့နေရာတွေမှာတော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ခိုက်ခြင်းကိုခံနေရပြီ။ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊တနင်္သာရီတိုင်းတို့အပြင်မန္တလေးမြို့ပေါ်မှာတောင်သတိပေးတိုက်ခိုက်ခဲ့ကြတယ်။အခုလိုကနဦးအစအချိန်မှာတောင်ပြင်းပြင်းထန်ထန်ဆန့်ကျင်ခြင်းကိုခံနေရရင်သူတို့ပြုလုပ်မယ့်ရွှေးကောက်ပွဲဟာနယ်တွေမှာဖြစ်လာဖို့မလွယ်ကူပါဘူး။ဒါပေမယ့်ရန်ကုန်၊နေပြည်တော်လိုမြို့ကြီးတွေမှာတော့ရအောင်လုပ်လိမ့်မယ်။ဒါကြောင့်မြို့ကြီးတွေမှာပါခြိမ်းခြောက်နိုင်ဖို့လိုလိမ့်မယ်။
စစ်ကောင်စီဟာသူတို့ကိုင်စွဲထားတဲ့၂၀၀၈အခြေခံဥပဒေအရဆိုရင်ဒီလကုန်မှာသက်တမ်းကုန်နေပြီ။ဘယ်လိုဥဏ်နီဥဏ်နက်တွေသုံးပြီးသက်တန်းတိုးမလဲဆိုတာတော့မသိသေးဘူး။ဒီလကုန်ကိုစောင့်ကြည့်ရမှာပဲ။