စစ်ကိုင်းတိုင်းထဲမှာလဲစစ်ရေးအခြေအနေပြောင်းလဲမှုတွေရှိလာပြီ။ပျူစောထီးရွာတွေကိုတော်လှန်ရေးအဖွဲ့တွေဝင်ရောက်တိုက်ခိုက်နိုင်မှုတွေအကြိမ်ရေစိတ်လာပြီ။စစ်ကိုင်တိုင်းထဲမှာစစ်တပ်ကသူတို့ကိုထောက်ခံအရပ်သားတွေကိုလက်နက်တပ်ဆင်ပေးပြီးတိုက်ခိုက်ခိုင်းကာအရန်အင်အားအဖြစ်အသုံးချနေတယ်။တော်လှန်ရေးအဖွဲ့တွေကြားထဲမှာပျူစောထီးရွာတွေကအခိုင်အမာခြေကုပ်နေရာယူထားကြတယ်။အရင်ကတည်းကသူတို့ကိုတိုက်ခိုက်မှုတွေရှိခဲ့ပေမယ့်လက်နက်မပြည်စုံတာကြောင့်ရယ်၊လေကြောင်းနဲ့အကူအညီပေးမှုတွေကြောင့်ထင်တိုင်းမပေါက်ခဲ့ဘူး။အခုနောက်ပိုင်းမှာတော့ပျူစောထီးရွာတွေကိုသိမ်းပိုက်နိုင်တဲ့အထိလက်သံပြောင်လာပြီ။စစ်ကိုင်းတိုင်းထဲမှာပျူစောထီးတွေပျောက်ကွယ်သွားအောင်လုပ်နိုင်ရင်တော့စစ်တပ်ကအခုလောက်ထင်တိုင်းကြဲနိုင်တော့မှာမဟုတ်ဘူး။
အောက်တိုဘာ ၀၂၊ ၂၀၂၄။ (ဗုဒ္ဓဟူး)
ကချင်ပြည်နယ်ထဲမှာလဲ KIA ကပြည်နယ်မြောက်ပိုင်းရှိ ချီဖွေနှင့်ဆော့လော် မြို့နှစ်မြို့ကို...