စစ်ကောင်စီဟာEAOအခြေစိုက်စခန်းတွေကိုတိုက်ပွဲမဖြစ်ပွားပဲလေကြောင်းကဗုံးကြဲတိုက်ခိုက်နေတယ်။ချင်းပြည်နယ်ကCNFဌာနချုပ်ကိုတိုက်လေယာဉ်တွေနဲ့ဗုံးကြဲလို့CNFရဲဘော်တစ်ဦးနဲ့ရဲမေ၄ဦးကျဆုံးသွားတယ်။ဌာနချုပ်ကလိုင်းခန်းတွေနဲ့ဆေးရုံအဆောက်အဦးတွေလဲပျက်စီးသွားတယ်။အလားတူပဲကချင်ပြည်နယ်ဖားကန့်နဲ့တနိုင်းမြို့နယ်ကKIAတပ်စခန်းတွေကိုလဲဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ထိခိုက်ပျက်စီးမှုတော့အတိအကျမသိရသေးဘူး။
စစ်တပ်ဟာမြေပြင်မှာအရေးနိမ့်လာပြီ။ဒေသအစုံမှာလေတပ်မပါရင်စစ်မတိုက်တတ်တော့ဘူး။သူ့အားသာတာကလဲလက်နက်ကြီးနဲ့လေကြောင်းပဲရှိတော့တဲ့အတွက်ဒီနှစ်ထဲမှာလေကြောင်းတိုက်ခိုက်မှုတွေကိုပြင်းပြင်းထန်ထန်ပြုလုပ်လာလိမ့်မယ်။