နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကိုစစ်ကောင်စီကဒီလဆန်းမှာရုတ်တရက်ရပ်ဆိုင်းလိုက်တယ်။ရုံးခွဲတွေရှိတဲ့တနိုင်ငံလုံးကမြို့ကြီးတွေအကုန်မှာရပ်ဆိုင်းလိုက်တာပါ။ရန်ကုန်မှာနိုင်ငံကူးလက်မှတ်လျှောက်ထားဖို့QR Booking အရင်တင်ရတယ်။ရန်ကုန်ရုံးမှာလျှောက်ထားသူဦးရေဟာတနိုင်ငံလုံးမှာအများဆုံးပဲ။ရန်ကုန်မှာတနေ့ကို၂၅၀၀ပဲလက်ခံတယ်ဆိုပေမယ့်တကယ်တမ်းတနေ့၅၀၀၀ခန့်ပြုလုပ်ပေးနေတာပါ။လူတွေလဲနေ့တိုင်းတန်းစီတိုးကြိတ်ပြီးဒုက္ခခံကြရတယ်။ပြီးခဲ့တဲ့လကတည်းကQR Bookingပြုလုပ်ခွင့်ကိုစပြီးပိတ်ပင်ခဲ့တယ်။အခုတော့ဘိုကင်တင်ခြင်း၊စာအုပ်ပြုလုပ်ခြင်းအပြင်စာအုပ်ထုတ်ပေးခြင်းကိုပါအကြောင်းပြချက်မရှိရုတ်တရက်ရပ်ဆိုင်းလိုက်လို့နိုင်ငံကူးလက်မှတ်ပြုလုပ်ချင်တဲ့သူတွေအကုန်ဒုက္ခရောက်ကုန်ပြီ။တချို့ကနိုင်ငံခြားမှာအလုပ်ခန့်ဖို့သဘောတူပြီးမှနိုင်ငံကူးလတ်မှတ်လုပ်မရတော့ဘူး။တချို့ကပညာတော်သင်ကျောင်းတက်ဖို့အကုန်စီစဉ်ပြီးမှဘာဆက်လုပ်ရမှန်းမသိတော့ဘူး။အဆိုးဆုံးကကျန်းမာရေးအတွက်ဆေးသွားကုမယ့်သူတွေပါပဲ။စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့်ဒီနိုင်ငံမှာပဲအသေခံရတော့မယ့်အခြေအနေဖြစ်နေတယ်။လက်ရှိအနေအထားကနေပြည်တော်ကစစ်ကောင်စီအဖွဲ့ဝင်တွေရဲ့လက်မှတ်ပါမှလုပ်လို့ရမယ်တဲ့။ဘယ်တော့ဘယ်ဖွင့်ပေးမလဲဆိုတာလဲသေချာမကြေငြာတာကြောင့်ပြည်သူတွေဘယ်လောက်အရေးကြီးကြီးဘာမှလုပ်မရတဲ့အခြေအနေဖြစ်နေတယ်။
နိုဝင်ဘာ ၂၂၊ ၂၀၂၃။ (ဗုဒ္ဓဟူး)
ရန်ကုန်ရှိ မြို့နယ်အချို့မှာယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လူငယ်များကို အကြောင်းမျိုးစုံပြဖမ်းဆီး...