Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ကသာတွင် စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံး

January 19, 2023
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာ ဝန်းကျင်ကို စစ်ကောင်စီတပ် တိုက်လေယာဉ်များဖြင့် နှစ်ရက်ဆက် ဗုံးကြဲရာ ဒေသခံ ၈ ဦး သေဆုံးပြီး ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း ဒေသတွင်း စစ်ရေးတာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။

ကသာမြို့ အရှေ့မြောက်ဘက် မိုးတားတိုက်နယ်အတွင်း ယမန်နေ့ ညနေပိုင်းမှ စ၍ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းခဲ့ခြင်း ဖြစ်ပြီး ယနေ့ မွန်လွဲပိုင်းတွင်လည်း ၂ ကြိမ် ဗုံးကြဲခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်း ဗုံးကြဲမှုတွင် မိုးတားလေးရွာအတွင်းရှိ အလှူလုပ်နေသော နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်း ကြောင့် လူအစုလိုက် သေဆုံးပြီး ဒဏ်ရာရသူများလည်း များပြားခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစု များက ဆိုသည်။

ဒေသတွင်း တော်လှန်ရေးအင်အားစုတခုမှ စစ်ရေးတာဝန်ရှိသူက “ဒီနေ့ ၁၂ နာရီခွဲလောက်က တကြိမ်ကြဲတယ်။ သူတို့က ပြည်သူတွေနေတဲ့ နေရာတွေကိုပါ ရက်ရက်စက်စက် လုပ်နေတယ်။ ကသာကနေလည်း ၁၂၀ မမ တွေ ရမ်းပစ်နေတာ ရှိ တယ်။ တိုက်ပွဲက ခုထိလည်း ပြင်းထန်နေတုန်းပဲ။ လေကြောင်းတိုက်ခိုက်တဲ့ အခြေအနေကတော့ စိုးရိမ်ရတဲ့ အခြေအနေ ပါ” ဟု ပြောသည်။

မိုးတားတိုက်နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း-၇၇ အား ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF-မြောက်ပိုင်း)၊ မြို့လှ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (Myo Hla PDF) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ယမန်နေ့ မနက်ပိုင်းမှ စတင်ကာ ပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။

ကသာမြို့နယ်၊ မိုးတားလေးကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့သည့် မြင်ကွင်း / CJ

Myo Hla PDF က “အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဟာ ကြွက်မနိုင်ကျီမီးရှို့ ဆိုသလိုမျိုး အပြစ်မဲ့ပြည်သူများ ဖြစ်တဲ့ မိုးဒါ လေး (မိုးတားလေး) ရွာကို ညနေ ၆ နာရီမှာ ဂျက်ဖိုက်တာ ၃ စီးနဲ့ ပြည်သူ့နေအိမ်တွေကို အငြိုးတကြီး ပေါင် ၅၀၀ မီးလောင်ဗုံးတွေ အပါအဝင် ပဒေသာဗုံးတွေပါ အသုံးပြု ကြဲချသွားခဲ့ပါတယ်။ နိုင်ငံတကာအရှေ့မှာတော့ အကောင်းတွေ လုပ်ပေးနေဟန်နဲ့ ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့ အတင်းအကျပ် ကြိုးစားနေပြီး အခြားတဖက်မှာတော့ လူမျိုးတုန်းစေနိုင်သော စစ်ဆင်ရေးတွေ ပြုလုပ်နေတယ် ဆိုတာကို တကမ္ဘာလုံး သိစေလိုပါတယ်” ဟု ဆိုထားသည်။

တိုက်လေယာဉ်များမှာ မြစ်ကြီးနာမှ လာခြင်းဖြစ်ပြီး မီးလောင်ဗုံးကြဲချကာ အပြစ်မဲ့ ပြည်သူများအား စစ်ရာဇဝတ်မှု ကျူး လွန်ခြင်း ဖြစ်ကြောင်းနှင့် အပြစ်မဲ့ပြည်သူများအား ရန်သူအဖြစ် သတ်မှတ် ချေမှုန်းနေခြင်းကြောင့် ဂရုစိုက်သွားလာနေ ထိုင်ကြရန်လည်း ABSDF-မြောက်ပိုင်းအဖွဲ့က သတိပေးထားသည်။

ကသာမြို့နယ်၊ မိုးတားလေးကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့သည့် မြင်ကွင်း / CJ

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ တူးခေါင်ကလည်း စစ်ကောင်စီ ကြဲသည့် ဗုံးမှာ မိုးတားလေးရွာတွင်း အလှူလုပ်နေသည့်နေအိမ်ပေါ် ကျရောက်ခဲ့ သည့်အတွက် ပြည်သူ ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူလည်း များပြားကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့် နေရာ မဟုတ်ဘဲ ကျေးရွာများအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခြင်းသည် သူရဲဘောကြောင်သည့် လုပ်ရပ်သာ ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောထားသည်။

လက်ရှိတွင် မိုးတားတိုက်နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည့်အတွက် အနီးပတ်ဝန်းကျင်ရွာအချို့မှ ပြည်သူများ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရထားသည့် ပြည်သူများကိုလည်း အပြင်းအထန် ဆေးကုသပေးနေရကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် အရှေ့မြောက်ဘက်ရှိ မိုးတားတိုက်နယ်ဒေသသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့နှင့် နယ်မြေချင်း ထိစပ်နေသည့် ဒေသတခု ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသည့် ဒေသတခုလည်း ဖြစ်သည်။

Source: irrawaddy burmese

Related Posts

စစ်ကိုင်းတိုင်းအတွင်း လူသတ်ခေါင်းဖြတ်မှုများကို ဦးဆောင်နေသူ ဗိုလ်ချုပ်သန်းထိုက်
သတင်း

စစ်ကိုင်းတိုင်းအတွင်း လူသတ်ခေါင်းဖြတ်မှုများကို ဦးဆောင်နေသူ ဗိုလ်ချုပ်သန်းထိုက်

March 27, 2023

ဗုဒ္ဓဘာသာကိုးကွယ်သူ ဗမာအများစုနေထိုင်ရာ မြန်မာပြည်အလယ်ပိုင်း အညာဒေသသည် စစ်အာဏာသိမ်းပြီး...

စစ်ကိုင်းတွင် နယ်လှည့်ခေါင်းဖြတ်နေသည့် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း
သတင်း

စစ်ကိုင်းတွင် နယ်လှည့်ခေါင်းဖြတ်နေသည့် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း

March 21, 2023

ယခုလ မတ်လ ၁ ရက် အရုဏ်မတက်မီ...

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ထားသော ရုပ်အလောင်း ၂၀ လောင်းတွေ့၊ ခေါင်းနှင့် ခြေလက်များ ခုတ်ဖြတ်ထားသော ရုပ်အလောင်းများလည်း ပါဝင်
သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ထားသော ရုပ်အလောင်း ၂၀ လောင်းတွေ့၊ ခေါင်းနှင့် ခြေလက်များ ခုတ်ဖြတ်ထားသော ရုပ်အလောင်းများလည်း ပါဝင်

March 17, 2023

စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ထားခဲ့သော ဒေသခံပြည်သူများအပါအဝင် တော်လှန်ရေးရဲဘော်များ၏ ရုပ်အလောင်း...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist